တန္႔ယန္းၿမိဳ႕ မန္ပန္ဆည္အား လက္ရိုက္ေက်ာက္ျဖည့္ေရလႊဲဆည္အျဖစ္ တည္ေဆာက္ၿပီး ဆည္ေရေသာက္စနစ္ျပဳျပင္ေပးမည္

တန္႔ယန္းၿမိဳ႕ မန္ပန္ဆည္အား လက္ရိုက္ေက်ာက္ျဖည့္ေရလႊဲဆည္အျဖစ္ တည္ေဆာက္ၿပီး ဆည္ေရေသာက္စနစ္ျပဳျပင္ေပးမည္
ဇွန် 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တန္႔ယန္းၿမိဳ႕၊ မိုင္းပတ္ေက်း႐ြာအုပ္စု၊ မန္ပန္႐ြာရွိ မန္ပန္ဆည္အား လက္႐ိုက္ ေက်ာက္ျဖည့္ေရလႊဲဆည္ အျဖစ္ အခိုင္အမာ တည္ေဆာက္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ ရန္ပုံေငြတြင္ ထည့္သြင္းေတာင္းခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယာယီလက္႐ိုက္ ေရလႊဲဆည္အား လက္႐ိုက္ေက်ာက္ျဖည့္ ေရလႊဲဆည္အျဖစ္ အခိုင္အမာ တည္ေဆာက္ရန္ႏွင့္ ဆည္ေရေသာက္ စနစ္ျပဳျပင္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ လိုအပ္သည့္ ရန္ပုံေငြအား ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ၂၀၁၈- ၂၀၁၉ ဘ႑ာေရးႏွစ္ ျပည္နယ္အစိုးရအဖြဲ႔ ရန္ပုံေငြတြင္ ထည့္သြင္းလ်ာထားေတာင္းခံႏိုင္ရန္ ညႇိႏႈိင္းထားၿပီး ရန္ပုံေငြရရွိမႈအေပၚမူတည္၍ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာနက လုပ္ငန္းမ်ားအား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဒုတိယဝန္ႀကီး ဦးလွေက်ာ္က လႊတ္ေတာ္တြင္ ေျဖၾကားခဲ့သည္။

အဆိုပါ ဆည္အား သံကူကြန္ကရစ္ေရလႊဲဆည္အျဖစ္ တည္ေဆာက္ႏိုင္ရန္ ၂၀၁၈-၁၉ ခုႏွစ္၊ ဒုတိယ(၆)လပတ္တြင္ ရန္ပုံေငြလ်ာထား ေဆာင္႐ြက္ ႏိုင္ျခင္းရွိ၊ မရွိကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၀) ရက္ေန႔တြင္ က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ တန္႔ယန္းမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေမာင္ပြင့္က ေမးျမန္းခဲ့ျခင္းျဖစ္သည္။

သံကူကြန္ကရစ္ေရလႊဲဆည္အျဖစ္ အခိုင္အမာတည္ေဆာက္ေပးရန္ တည္ေဆာက္မႈ ကုန္က်စရိတ္ႏွင့္ အက်ိဳးအျမတ္ တြက္ေျခကိုက္မႈနည္းပါးသည့္အတြက္ ပိုမိုသင့္ေလ်ာ္သည့္ လက္႐ိုက္ေက်ာက္ျဖည့္ ေရလႊဲဆည္ တည္ေဆာက္ေပးမည္ျဖစ္ၿပီး ဆည္ေရေသာက္စနစ္ျပဳျပင္ျခင္း လုပ္ငန္းအပါအဝင္ အဆိုပါလုပ္ငန္းမ်ားအတြက္ ခန္႔မွန္းကုန္က်ေငြက်ပ္သန္း (၁၃၀) ကုန္က်မည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်ပန်ရွာရှိ မန်ပန်ဆည်အား လက်ရိုက် ကျောက်ဖြည့်ရေလွှဲဆည် အဖြစ် အခိုင်အမာ တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီလက်ရိုက် ရေလွှဲဆည်အား လက်ရိုက်ကျောက်ဖြည့် ရေလွှဲဆည်အဖြစ် အခိုင်အမာ တည်ဆောက်ရန်နှင့် ဆည်ရေသောက် စနစ်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံနိုင်ရန် ညှိနှိုင်းထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် ဖြကြေားခဲ့သည်။

အဆိုပါ ဆည်အား သံကူကွန်ကရစ်ရေလွှဲဆည်အဖြစ် တည်ဆောက်နိုင်ရန် ၂၀၁၈-၁၉ ခုနှစ်၊ ဒုတိယ(၆)လပတ်တွင် ရန်ပုံငွေလျာထား ဆောင်ရွက် နိုင်ခြင်းရှိ၊ မရှိကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တန့်ယန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

သံကူကွန်ကရစ်ရေလွှဲဆည်အဖြစ် အခိုင်အမာတည်ဆောက်ပေးရန် တည်ဆောက်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေကိုက်မှုနည်းပါးသည့်အတွက် ပိုမိုသင့်လျော်သည့် လက်ရိုက်ကျောက်ဖြည့် ရေလွှဲဆည် တည်ဆောက်ပေးမည်ဖြစ်ပြီး ဆည်ရေသောက်စနစ်ပြုပြင်ခြင်း လုပ်ငန်းအပါအဝင် အဆိုပါလုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်း (၁၃၀) ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~