ရာဇဝတ်မှုတွင် လူငယ်များပါဝင်ပါက ရဲကြေးနန်းတွင် အကြမ်းဖက်အဖွဲ့ဟုဖေါ်ပြရန် အာဏာသိမ်းအဖွဲ့ ညွှန်ကြား

ရာဇဝတ်မှုတွင် လူငယ်များပါဝင်ပါက ရဲကြေးနန်းတွင် အကြမ်းဖက်အဖွဲ့ဟုဖေါ်ပြရန် အာဏာသိမ်းအဖွဲ့ ညွှန်ကြား
စက်တင်ဘာ 17, 2021 | ရှမ်းရှေ့

ရာဇဝတ်မှုများတွင် လူငယ်ပါဝင်ပါက အကြမ်းဖက်အဖွဲ့ဟု ရဲကြေးနန်းတွင် သုံးနှုန်းဖေါ်ပြရန် ရှမ်းပြည်နယ်အရှေ့ပိုင်း အာဏာသိမ်းစစ်တပ်၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ညွှန်ကြားထားကြောင်း တပ်တွင်းမှရရှိသည့် အချက်အလက်များကို ကိုးကားပြီး မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ CDM ရဲတပ်ဖွဲ့က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် အသိပေး ဖေါ်ပြထားသည်။

ယင်းအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏ မြို့အဝင်အထွက်ကားဂိတ်များတွင် စစ်ဆေးရာ၌ စရဖ(စရတ)များနှင့် သတင်းပေးဒလန်များကို အသုံးပြုနေသည်ဟုလည်း သတိပေးထားသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့သည် ရာဇဝတ်မှုများကို အာဏာသိမ်းမှုဆန့်ကျင်သူများနှင့် ဆက်စပ်၍ စွပ်စွဲဖေါ်ပြလေ့ရှိပြီး အာဏာသိမ်းမှု ဆန့်ကျင်သူများကိုလည်း အကြမ်းဖက်အဖွဲ့ဟု စွပ်စွဲသုံးနှုန်းခြင်းများကိုလည်း လုပ်နေဆောင်နေသလို ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ရဲတပ်ဖွဲ့အချင်းချင်းလည်း အချင်းချင်း စွတ်စွဲမှုများ ယုံကြည်ကင်းမဲ့မှုများအထိ ဖြစ်နေကြောင်းလည်း သိရသည်။