နမ့်စန်မြို့တွင် အာဏာသိမ်းစစ်တပ်၏ ရဟတ်ယာဉ် လျှောက်ပတ် ဝဲပျံနေ

နမ့်စန်မြို့တွင်း ရဟတ်ယာဉ် ဝဲပျံနေစဉ် - Photo: CJ
နမ့်စန်မြို့တွင်း ရဟတ်ယာဉ် ဝဲပျံနေစဉ် - Photo: CJ
နမ့်စန်မြို့တွင် အာဏာသိမ်းစစ်တပ်၏ ရဟတ်ယာဉ် လျှောက်ပတ် ဝဲပျံနေ
စက်တင်ဘာ 7, 2021 | ရှမ်းတောင်

တစ်နိုင်ငံလုံး စစ်အာဏာရှင်တော်လှန်တိုက်ခိုက်ရေးစတင်ကြောင်းကို NGU က ယနေ့ စက်တင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းတွင် ကြေညာလိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်၏ လေတပ်က ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင်လည်း လျှောက်ပတ် ဝဲပျံနေကြောင်း ဒေသခံများထံက သိရသည်။

"နမ့်စန်မှာလည်း တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အလုပ်ရှုပ်နေကြတယ်။ ရဟတ်ယာဉ်ကတော့ ပတ်နေတာ မြင်ရတယ်။ တိုက်လေယာဉ်ကတော့ မမြင်ရဘူး။ အသံကြားနေရတယ်။"ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ပြောသည်။

ယနေ့ စက်တင်ဘာလ(၇)နေ့တွင် အာဏာသိမ်းစစ်တပ်၏ လေတပ်မှ လေကြောင်းစစ်ဆင်ရေးများကိုပါ လှုပ်ရှားလာပြီး လေတပ်စခန်းတည်ရှိရာ မြို့များတွင် မြို့တွင်းနှင့် အနီးအနားမျာအထိ ဝဲပျံမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။