ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နန်းခုန်ကျေးရွာအုပ်စုမှ ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ကာ ဆန္ဒပြ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နန်းခုန်ကျေးရွာအုပ်စုမှ ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ကာ ဆန္ဒပြ
မတ် 23, 2021 | ရှမ်းတောင်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နန်းခုန်ကျေးရွာအုပ်စုတွင် စစ်တပ်ကို ထောက်ခံနေခြင်းမဟုတ်ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုများကို ရက်ခြား လုပ်ဆောင်နေကြောင်း သိရသည်။

 

"မြဝတီသတင်းမှာ ကျွန်တော်တို့ ကျေးရွာအုပ်စုက စစ်တပ်ထောက်ခံတယ်ဆိုပြီး သတင်းပါတယ်။ ဘေးရွာတွေကလည်း ကျွန်တော်တို့ကျေးရွာကို အထင်လွဲနေကြတယ်။ တကယ်က ကျွန်တော်တို့ရွာက စစ်တပ်ကို မထောက်ခံပါဘူး။ ဆန္ဒပြမှုတွေ ရက်ခြားလုပ်ပါတယ်။ ပင်းတယတို့ ရွာငံတို့ဘက်ကိုလည်း ဆန္ဒသွားပြပါတယ်။ မီဒီယာအားနည်းလို့ သိတဲ့သူနည်းနေတာပါ။"ဟု နန်းခုန်ကျေးရွာအုပ်စုနေသူ လူငယ်တစ်ဦးက ပြောသည်။

နန်းခုန်ကျေးရွာအုပ်စုနေ တိုင်းရင်းသားပြည်သူများက ယနေ့ မတ်လ(၂၃)ရက်နေ့တွင်လည်း ကျေးရွာအတွင်း၊ ဈေးအတွင်း နှင့် ယူကလစ်ပင်တန်း လမ်းမတစ်လျှောက်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သသိရသည်။

နန်းခုန်ကျေးရွာအုပ်စုတွင် အများအားဖြင့် စစ်အာဏာရှင်ဆန့်ကျင်သူများဖြစ်ကြပြီး စစ်တပ်ကို ထောက်ခံသူမှာ အနည်းစုသာရှိကြောင်း သိရသည်။