မြောက်ကိုရီးယားက တရုတ် Covid-19 ကာကွယ်ဆေး Sinovac (၃)သန်းနီးပါးကို လက်မခံ

မြောက်ကိုရီးယားက တရုတ် Covid-19 ကာကွယ်ဆေး Sinovac (၃)သန်းနီးပါးကို လက်မခံ
စက်တင်ဘာ 3, 2021 | နိုင်ငံတကာသတင်း| Covid-19

မြောက်ကိုရီးယားက တရုတ်နိုင်ငံထုတ် Covid-19 ကာကွယ်ဆေး Sinovac (၃) သန်းနီးပါးကို လက်ခံရန်ငြင်းဆန်လိုက်ကြောင်း သိရသည်။

ဆင်းရဲသည့်နိုင်ငံများပါ Covid-19 ကာကွယ်ဆေးရနိုင်စေရေးအတွက် ကုလသမဂ္ဂ၏ COVAX အစီအစဉ်ဖြင့် ပေးပို့မည့် အဆိုပါဆေးများကို မြောက်ကိုရီးယားက ငြင်းဆန်လိုက်ခြင်းဖြစ်သည်ဟု UNCEF က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် VOA သို့ ဖြေကြားထားခြင်းဖြစ်သည်။

၎င်းတို့ထံပေးပို့မည့် Sinovac (၂.၉၇) သန်းအား လက်ရှိ Covid-19 ထိန်းချုပ်နိုင်ရေး ကြိုးစားနေရသည့်နိုင်ငံများထံ ပေးပို့ရန် မြောက်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းပြန်လာခြင်းဖြစ်သည်ဟု သိရသည်။

အခြားနိုင်ငံများနှင့် ဆက်ဆံရေးမရှိဘဲ သီးသန့်ရပ်တည်နေသည့် မြောက်ကိုရီးယားက AstraZeneca ကာကွယ်ဆေး (၂) သန်းကိုလည်း ဖြစ်တောင့်ဖြစ်ခဲ သွေးကြောထုံးစေသည့် ဘေးထွက်ဆိုးကျိုးကြောင့်ဟုဆိုကာ ငြင်းပယ်ထားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် နယ်စပ်အားလုံးကို တင်းကြပ်စွာပိတ်ထားပြီး အကန့်အသတ်များ ကြေညာထားသော်လည်း နိုင်ငံအတွင်း Covid-19 ဖြစ်ပွားသူမရှိဟု ကြေညာထားခြင်းဖြစ်သည်။

#TachileikNewsAgency

Source: Insider