အသက္(၃)ႏွစ္အရြယ္ မိန္းကေလးကို မိခင္၏ ဦးေလးေတာ္စပ္သူက အဓမၼျပဳက်င့္မႈ မင္းလွၿမိဳ႕တြင္ ျဖစ္ပြား

အသက္(၃)ႏွစ္အရြယ္ မိန္းကေလးကို မိခင္၏ ဦးေလးေတာ္စပ္သူက အဓမၼျပဳက်င့္မႈ မင္းလွၿမိဳ႕တြင္ ျဖစ္ပြား
မေ 18, 2019
By Tachileik News Agency

အသက္(၃)ႏွစ္အရြယ္ မိန္းကေလးကို မိခင္၏ ဦးေလးေတာ္စပ္သူက အဓမၼျပဳက်င့္မႈ မင္းလွၿမိဳ႕တြင္ ျဖစ္ပြား

မေကြးတုိင္းေဒသႀကီး၊ မင္းလွၿမိဳ႕တြင္ အသက္(၃)ႏွစ္အရြယ္ မိန္းကေလးအား မိခင္၏ ဦးေလးေတာ္စပ္သူ အသက္(၃၅)ႏွစ္အရြယ္ အမ်ိဳးသားက အဓမၼျပဳက်င့္သျဖင့္ အမႈဖြင့္ဖမ္းဆီးကာ စစ္ေဆးေနေၾကာင္း သိရသည္။

မင္းလွၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ(၁၇)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲဝန္းက်င္က အေဒၚျဖစ္သူႏွင့္အတူ ေနအိမ္တြင္ အိပ္ေနသည့္ အသက္(၃)ႏွစ္ကေလး မိန္းကေလးကို အဆိုပါေနအိမ္တြင္ ပန္းရံလုပ္ငန္းလုပ္ကိုင္ေနသည့္ အသက္(၃၅)ႏွစ္အရြယ္ တင္ေထြးဆိုသူက   အိမ္သာသို႔ ေခၚသြားၿပီး အဓမၼျပဳက်င့္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားမွာ အဓမၼျပဳက်င့္ခံရသည့္ ကေလး၏ မိခင္ျဖစ္သူႏွင့္ ဦးေလးေတာ္စပ္သူလည္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍  မိခင္က အသက္(၃၅)ႏွစ္ရွိ တင္ေထြးအား မင္းလွၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉၆/ ၂၀၁၉၊(အမႈႀကီး အမစ ၄/၂၀၁၉)၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးထားေၾကာင္း ႏွင့္ စစ္ဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ဖီးနစ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် အသက်(၃)နှစ်အရွယ် မိန်းကလေးအား မိခင်၏ ဦးလေးတော်စပ်သူ အသက်(၃၅)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်သဖြင့် အမှုဖွင့်ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သိရသည်။

မင်းလှမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ(၁၇)ရက်နေ့ နေ့လယ်(၁)နာရီခွဲဝန်းကျင်က အဒေါ်ဖြစ်သူနှင့်အတူ နေအိမ်တွင် အိပ်နေသည့် အသက်(၃)နှစ်ကလေး မိန်းကလေးကို အဆိုပါနေအိမ်တွင် ပန်းရံလုပ်ငန်းလုပ်ကိုင်နေသည့် အသက်(၃၅)နှစ်အရွယ် တင်ထွေးဆိုသူက အိမ်သာသို့ ခေါ်သွားပြီး အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ အဓမ္မပြုကျင့်ခံရသည့် ကလေး၏ မိခင်ဖြစ်သူနှင့် ဦးလေးတော်စပ်သူလည်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်က အသက်(၃၅)နှစ်ရှိ တင်ထွေးအား မင်းလှမြို့မရဲစခန်းတွင် (ပ)၁၉၆/ ၂၀၁၉၊(အမှုကြီး အမစ ၄/၂၀၁၉)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း နှင့် စစ်ဆးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net