ကောလင်းမြို့နယ်တွင်း ကောလင်း PDF ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်မှ (၃၀)ထက် မနည်း သေဆုံး

ကောလင်းမြို့နယ်တွင်း ကောလင်း PDF ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်မှ (၃၀)ထက် မနည်း သေဆုံး
သြဂုတ် 26, 2021 | နိုင်ငံရေး

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာနှင့် တောင်မော်ရွာကြားတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့ ညနေပိုင်း၌ အာဏာသိမ်းစစ်တပ်၏ စစ်ကား (၂) စီးကို ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF က မိုင်းခွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်မှ (၃၀)ဦးအထက် မနည်း သေဆုံးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်၏ စစ်ကား (၂) စီးလုံး မိုင်းထိသွားပြီးနောက် အာဏာသိမ်းစစ်တပ်မှ တရစပ်ပစ်ခတ်မှုများမှာ ည(၈)နာရီခွဲအချိန်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း သေဆုံးသူ (၃၀) ထက်မနည်းနှင့် ဒဏ်ရာရအများအပြားရှိပြီး လက်ရှိတွင် အာဏာသိမ်းစစ်တပ်က သေဆုံးသူများအား ကောလင်းဘက်သို့ သယ်ဆောင်နေကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို သွားရောက်ရှာဖွေမှုများပြုလုပ်ပြီး ပြန်လာကြသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို အပြန်လမ်းတွင် PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။