တာချီလိတ်မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ကြီးကြပ်ရေးမှူးများကို ဖေဖော်ဝါရီလ (၇) ရက်နေ့၌အပြီး ရွေးချယ်မည်

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၊ နည်းဥပဒေများအကြောင်း ရှင်းလင်းနေစဉ်
ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၊ နည်းဥပဒေများအကြောင်း ရှင်းလင်းနေစဉ်
တာချီလိတ်မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ကြီးကြပ်ရေးမှူးများကို ဖေဖော်ဝါရီလ (၇) ရက်နေ့၌အပြီး ရွေးချယ်မည်
ဇန်နဝါရီ 25, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ နောက်ဆုံးထား၍ ရပ်ကွက်/ကျေးရွာ အသီးသီးတွင် အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျိုင်းလပ်က ကျခမ်းကျောက်တစ်ခုပဲ ပြီးသေးတယ်။ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ အပြီးရွေးချယ်ရမယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပြောသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေသစ်အရ ရပ်ကွက်/ကျေးရွာအလိုက် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အဆင့်ဆင့်ရွေးချယ်ရေးအတွက် ကြီးကြပ်မည့် ကြီးကြပ်ရေးအဖွဲ့ကို စတင်ရွေးချယ်နေခြင်းဖြစ်သည်။

ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်ရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင် ကျင်းပမည်ဖြစ်ပြီး အိမ်ထောင်စုကိုယ်စားလှယ် (၁) ဦးစီက မဲပေးရွေးချယ်ကြမည်ဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။