၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ရင်း Covid-19 ကူးစက်ခံရသည့် ပညာရေးဝန်ထမ်း (၅၀)ကျော်ရှိနေ

၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ရင်း Covid-19 ကူးစက်ခံရသည့် ပညာရေးဝန်ထမ်း (၅၀)ကျော်ရှိနေ
နိုဝင်ဘာ 26, 2020
By Tachileik News Agency
၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ရင်း Covid-19 ကူးစက်ခံရသည့် ပညာရေးဝန်ထမ်း (၅၀)ကျော်ရှိနေ

၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းများအနက် Covid-19 ကူးစက်ခံရသည့် ဆရာ၊ ဆရာမ အရေအတွက်မှာ နိုင်ငံအတွင်း ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့အထိ (၅၀)ကျော်ရှိနေပြီး (၂)ဦးမှာ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားရှိသည်။

သေဆုံးသွားသည့် ဆရာမ (၂)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်လျင်မြို့နယ် အမက(ဖို့မြေ)မှ အလယ်တန်းပြ ဆရာမ နှင့် ဗိုလ်တစ်ထောင်မြို့နယ် အထက(၂)မှ အလယ်တန်းပြဆရာမတို့ဖြစ်သည်။
ကူးစက်ခံရသည့် ဆရာ ဆရာမများသည် လက်ရှိတွင် ဆေးရုံများနှင့် စင်တာများတွင် ကုသမှုယူနေလျက်ရှိပြီး Covid-19 ကူးစက်ခံရသည့် ဆရာ ဆရာမများ၏ စာရင်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ဆက်လက်၍ ကောက်ယူနေလျက်ရှိပြီး အဖွဲ့ချုပ်မှ တစ်ဦးလျှင် ကျပ်(၅၀,၀၀၀)နှုန်းဖြင့် ဂုဏ်ပြုထုတ်ပံ့ပေးနေကြောင်း သိရသည်။
ရွေးကောက်ပွဲကာလအတွင်း မဲရုံတာဝန်ကျပြီး Covid-19 ကူးစက်ခံရသည့် ဆရာ ဆရာမများအား ဆက်လက်ထောက်ပံ့နိုင်ရန်အတွက် ထောက်ပံ့ပေးသွားနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖုန်း 0978 190 7061 သို့ ဆက်သွယ်နိုင်ကြောင်း  သိရသည်။

၂၀၂၀ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ရင်း Covid-19 ကူးစက်ခံရသည့် ဆရာ ဆရာမများရှိပါက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~