တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်အနက် (၉)ရပ်ကွက်အထိ Covid-19 တွေ့ရှိ

တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်အနက် (၉)ရပ်ကွက်အထိ Covid-19 တွေ့ရှိ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်အနက် (၉)ရပ်ကွက်အထိ Covid-19 တွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ဒေသတွင်း ကူးစက်မှုစတင်တွေ့ရှိသည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့မှ  ဒီဇင်ဘာလ(၁)ရက်နေ့ ညပိုင်းအထိ  အတည်ပြုလူနာတွေ့ရသည့် ရပ်ကွက် (၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃)ခုအထိ ရှိလာပြီဖြစ်သည်။
တာချီလိတ်ဒေသတွင်းကူးစက်မှုအဖြစ် အတည်ပြုလူနာ (၁)ဦးကို နိုဝင်ဘာလ (၂၅)ရက်နေ့က ပုန်းထွန်ရပ်ကွက်၌ စတင်တွေ့ရပြီးနောက် တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင်၊ ဝိန်းကျောက်နှင့် ပါဆတ်ရပ်ကွက်များ၌ အတည်ပြုလူနာများ တွေ့လာရသည့်အပြင် မိုင်းကိုးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုများ၌လည်း အတည်ပြုလူနာများ တွေ့ခြင်းဖြစ်သည်။
တာချီလိတ်ဒေသတွင်းကူးစက်မှုအဖြစ် (၇)ရက်အတွင်း အတည်ပြုလူနာ (၄၆)ဦးအထိ တွေ့ထားရ ပြီး အခြားဒေသမှ လာပြီး Covid-19 ပိုးတွေ့ရသည့် အမျိုးသား (၄)ဦး အပါအဝင်ဆိုလျှင် စုစုပေါင်း (၅၀)ဦးအထိ ရှိနေပြီဖြစ်သည်။   
လက်ရှိတွင် ပိုးတွေ့ရရှိရသူများကို တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူဆေးရုံ နှင့် ဆေးရုံဟောင်းအတွင်း အပြင် မိုးကုတ်တရားရိပ်သာရှိ  treatment center (ကုသ‌ရေးစင်တာ) တို့တွင် ထားရှိပြီး ထိတွေ့သူများကို အထက(ဆန်ဆိုင်း) နှင့် အလကခွဲ(တာလော့)ကျောင်းတို့တွင် ထားရှိသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~