မိုင်းဆတ်မြို့တွင် Covid-19 ကာကွယ်ဆေးသွားယူရန်အတွက်ဟု ဆိုကာ တစ်အိမ်တက်ဆင်း အလှူငွေ လိုက်ကောက်နေ

မိုင်းဆတ်မြို့တွင် Covid-19 ကာကွယ်ဆေးသွားယူရန်အတွက်ဟု ဆိုကာ တစ်အိမ်တက်ဆင်း အလှူငွေ လိုက်ကောက်နေ
သြဂုတ် 13, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ကျိုင်းတုံမြို့သို့ Covid-19 ကာကွယ်ဆေးသွားယူရန်အတွက်ဟု ဆိုကာ ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ဖြတ်ပိုင်းဖြင့် တစ်အိမ်တက်ဆင်း အလှူငွေ လိုက်ကောက်နေကြောင်း သိရသည်။

ဆယ်အိမ်ခေါင်းကတဆင့် Covid-19 ကာကွယ်ဆေးအတွက် ကျိုင်းတုံမှာ သွားယူရမှာဆိုပြီး တစ်အိမ်တက်ဆင်း ဖြတ်ပိုင်းနဲ့ ငွေလိုက်ကောက်နေတယ်ဗျ၊ တတ်နိုင်သလောက်လှူပါတဲ့။ ကာကွယ်ဆေးအတွက်ပြောပြီး အလှူခံနေတာ။

ဟု မိုင်းဆတ်ဒေသခံ တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၁၃)ရက်နေ့ ညနေပိုင်းက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ မြို့နယ်များတွင် ယခုလို တစ်အိမ်တက်ဆင်း အလှူငွေကောက်ခံမှုကို မိုင်းဆတ်မြို့ တစ်မြို့တည်းကသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

 မိုင်းဆတ်မြို့တွင် ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၅၆)ဦးရှိနေပြီး (၂၇)ဦးမှာ အိမ်ပြန်ခွင့်ရရှိသွားကြကြောင်း နှင့် မိုင်းဆတ်မြို့တွင် လူနာ(၁၂၀)အထိ နှင့် သံဃ(၁၅၀)စာအတွက် ထားရှိရန် နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။