ကျိုင်းတုံမြို့တွင် တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးနိုင်ရန် မျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာများ အခမဲ့ဖြန့်ဝေ

ကျိုင်းတုံမြို့တွင် တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးနိုင်ရန် မျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာများ အခမဲ့ဖြန့်ဝေ
မေ 24, 2020
By Tachileik News Agency

ကျိုင်းတုံမြို့တွင် တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးနိုင်ရန် မျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် COVID 19 ကာလအတွင်း နေအိမ်တွင် ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့များ၊ ပျိုးပင်များ၊ အပင်အားတိုးဆေး မြေဩဇာနှင့် နည်းပညာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ၂၀၂၀ ခုနှစ်၊ မေလ (၂၃)ရက်နေ့က တတိယအကြိမ်အဖြစ် ဆောင်ရွက်သည်။

COVID-19 ရောဂါဖြစ်ပွားနေချိန်တွင် ကျန်းမာရေးနှင့် ညီညွှတ်ပြီး သန့်ရှင်းလတ်ဆတ် အဟာရ ပြည့်ဝသော ဟင်းသီးဟင်းရွက်များစားသုံးနိုင်စေခြင်း၊ မီးဖိုချောင်အသုံးစရိတ် လျော့ချနိုင်ခြင်း၊ ဈေးသွားရန်မလိုဘဲ လူစုလူဝေးရှောင်ရှားနိုင်ခြင်း၊ မိမိစိုက်ပျိုးထားသော သီးနှံများအား ပြုစုရသည့်အတွက် ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာပျော်ရွှင်မှုရရှိစေခြင်း စသည့် ရည်ရွယ်ချက်များဖြင့်  Home Gardening Campaign ကို  ရှမ်းပြည်နယ်အတွင်းလှုပ်ရှားဆောင်ရွက်လျက်ရှိရာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျိုင်းတုံမြို့တွင် (၃) ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ထပ် (၂) ကြိမ်  ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် မျိုးစေ့၊ပျိုးပင်၊ မြေသြဇာနှင့် စိုက်ပျိုးနည်းပညာများဖြန့်ဝေပေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်း ဦးဆောင်ပြီး ဒု-ပြည်နယ်ရုံး၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများက အမှတ်(၂)နှင့် (၃) ရပ်ကွက်များရှိ အိမ်ခြေပေါင်း (၂၂၀၀) ကို ဟင်းနုနွယ် ၊ သခွား၊ ရုံးပတီ ၊ ငြုပ် ၊ ခရမ်း၊ ဖရုံ ၊ ချည်ပေါင်၊ မုံညှင်း၊ တိုင်လွတ်ပဲ ၊ ရွှေပဲသီးနှင့် ပဲစောင်းလျား စသည့် မျိုးစေ့များ၊ ပျိုးပင်များ အပင်အားဆေးများ ကွန်ပေါင်း ဓာတ်မြေဩဇာများ၊ နည်းပညာလက်ကမ်းစာစောင်များ အား အိမ်တိုင်ရာရောက် ဖြန့်ဝေပေးကြခြင်းဖြစ်သည်။

 Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~