ဖေ့စ်ဘုတ်ပေါ်တွင် "တရုတ်"နှင့်ပတ်သက်သည့် ရေးသားခြင်းကို မကန့်သတ်တော့ကြောင်း ဆုံးဖြတ်

ဖေ့စ်ဘုတ်ပေါ်တွင် "တရုတ်"နှင့်ပတ်သက်သည့် ရေးသားခြင်းကို မကန့်သတ်တော့ကြောင်း ဆုံးဖြတ်
သြဂုတ် 12, 2021 | နိုင်ငံတကာသတင်း

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် တရုတ် ဟူသော စကားလုံးများပါဝင်သည့် ရေးသားမှုများကို လူမျိုးရေးမုန်းတီးမှုစကားလုံးအဖြစ် ယူဆ၍ ဖယ်ရှားနေခြင်းအား ဖေ့စ်ဘုတ်က ဆက်လက်ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

လူမှုကွန်ယက်အသုံးပြုသူများ ရေးသားနေကြသည့် တရုတ်ဆိုသည့် စကားလုံးမှာ တရုတ်လူမျိုးများအား ရည်ညွန်းခြင်းမဟုတ်ဘဲ မြန်မာ့ အာဏာသိမ်းအဖွဲ့နှင့် ပတ်သက်၍ တရုတ်အစိုးရ၏ ရပ်တည်ချက်ကို ရည်ညွန်း၍ တရုတ်အစိုးရကို ဆိုလိုခြင်းသာဖြစ်၍ လူမျိုးရေးမုန်းတီးမှုစကားလုံးအဖြစ် မသတ်မှတ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာဖေ့စ်ဘုတ်အသုံးပြုသူများ၏ ရေးသားမှုများစွာ ဖယ်ရှားခံရပြီးနောက် ယင်းကဲ့သို့ဖယ်ရှားခြင်းအား မြန်မာဘာသာစကားနည်းလည်သူများဖြင့် စိစစ်ဆုံးဖြတ်ရန် တောင်းဆိုချက်များကို လက်ခံရရှိသည့်အတွက် ပြန်လည်စိစစ်ရာမှ ရေးသားသူများက တရုတ်အစိုးရ၏ ရပ်တည်ချက်ကို ဝေဖန်လိုခြင်းသာဖြစ်သည်ကို တွေ့ရသဖြင့် မဖယ်ရှားရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။

ယခင်က မြန်မာဖေ့စ်ဘုတ်သုံးသူများ ရေးသားကြသည့် $တရုတ်ဆိုသည့်စကားလုံးမျိုးကို တိုက်ရိုက်ဘာသာပြန်ပြီး လူမျိုးရေးမုန်းတီးမှုဖြစ်စေသည့်စကားလုံးအဖြစ် ယူဆခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Source: The Verge