ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ မူကြိုကျောင်း အားလုံး နှင့် မိခင်ဝိုင်းများကို ပိတ်ထားလိုက်ပြီ ဝန်ကြီးဌာန၏ ညွန်ကြားချက်ရမှ ပြန်ဖွင့်မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ မူကြိုကျောင်း အားလုံး နှင့် မိခင်ဝိုင်းများကို ပိတ်ထားလိုက်ပြီ ဝန်ကြီးဌာန၏ ညွန်ကြားချက်ရမှ ပြန်ဖွင့်မည်
မတ် 17, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ မူကြိုကျောင်း အားလုံး နှင့် မိခင်ဝိုင်းများကို ပိတ်ထားလိုက်ပြီ ဝန်ကြီးဌာန၏ ညွန်ကြားချက်ရမှ ပြန်ဖွင့်မည်

ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)အား ကလေးငယ်များအား ကူစက်မှု မရှိစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ မူကြိုကျောင်းအားလုံး မတ်လ(၁၆)ရက် နှင့် မတ်လ (၁၇)ရက်နေ့များက စ၍ အကန့်အသတ်မရှိ  ယာယီ ပိတ်ထားလိုက်ပြီး ဝန်ကြီးဌာန၏ ညွှန်ကြားချက်ထွက်လာမှသာ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာရှိတဲ့ လူမှုဝန်ထမ်းက အသိအမှတ်ပြုထားတဲ့ ကျောင်းများအားလုံး ပိတ်လိုက်ပါပြီ။ ပြန်ဖွင့်ဖို့ကိုတော့ ကြိုတင် အကြောင်းကြားမယ် ပြောထားတဲ့အတွက် ညွှန်ကြားချက် ထွက်လာမှ ပြန်ဖွင့်မှာပါ"ဟု တာလော့မူကြိုကျောင်းအုပ် ဒေါ်လောယိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် လူမှုဝန်ထမ်းဉီးစီးဌာန၏ မူကြိုကျောင်း (၁)ကျောင်း အပါအဝင်  ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၁၈)ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း (၁၂)ကျောင်းနှင့် မိခင်ဝိုင်း(၁၀)ဝိုင်း စုစုပေါင်း မူကြိုကျောင်း (၃၁)ကျောင်း နှင့် မိခင်ဝိုင်း(၁၀)ဝိုင်း ရှိရာ မတ်လ(၁၇)ရက်နေ့ နောက်ဆုံးထားကာ အားလုံးပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းဉီးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ နေ့ကလေးထိန်းဌာနများ၊ မိခင်ဝိုင်းများနှင့် လူမှုဝန်ထမ်းဉီးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက နေ့ကလေးထိန်းဌာနများအားလုံးသည် အသက်(၆)လမှ အသက်(၅)နှစ်အရွယ် ကလေးငယ်များကို အစုအဝေးဖြင့် နေ့ပိုင်း လက်ခံစောင့်ရှောက်သည့် နေရာများဖြစ်သည့်အတွက်  အသက်ရှုလမ်‌ကြောင်း ဆိုင်ရာ ရောဂါ Coronavirus disease (COVID-19) ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့က စ၍ ခေတ္တပိတ်ထားရမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်နိုင်မည့်နေ့ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း မတ်လ(၁၆)ရက်နေ့ ရက်စွဲဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထုတ်ပြန် ညွှန်ကြားထားခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~