မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှ နေရပ်ပြန်မြန်မာ (၃၉၆)ဦး ထပ်မံဝင်ရောက်

မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှ နေရပ်ပြန်မြန်မာ (၃၉၆)ဦး ထပ်မံဝင်ရောက်
သြဂုတ် 4, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြန်မာ - တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ပေါက်မှနေ၍ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် နေရပ်ပြန်မြန်မာနိုင်ငံသား (၃၉၆)ဦး ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

မူဆယ်နှင့်နယ်စပ်ဖြစ်သည့် ရွှေလီနှင့်ကျယ်ဂေါင်တို့မှတစ်ဆင့် နေရပ်ပြန် မြန်မာအမျိုးသား (၂၂၂) ဦးနှင့် အမျိုးသမီး (၁၇၄) ဦးတို့သည် မူဆယ် နန်းတော်ပေါက်မှတစ်ဆင့် နေရပ်ပြန်လာကြခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်မာဘက်တွင် COVID 19 တတိယလှိုင်းဖြစ်ပွားချိန်၌ နယ်စပ်ဂိတ်များကို ပိတ်လိုက်ရာမှ ဇူလိုင်လ (၂၆) ရက်နေ့မှစ၍ တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်တွင် ရောက်နေသည့် မြန်မာနိုင်ငံသားများကို နန်းတော်နယ်စပ်ဂိတ်ပေါက်မှနေ၍ နေ့စဉ် နံနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီအတွင်း ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံအတွင်း မြန်မာနှင့်နယ်စပ်တွင်လည်း COVID 19 ကူးစက်ထားသူများကို တွေ့ရသဖြင့် ရွှေလီမြို့ကို ဩဂုတ်လ (၃) ရက်နေ့မှစ၍ Lockdown သတ်မှတ်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်