တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)ကို မတ်လ (၂၃)ရက်နေ့တွင် ပြန်ဖွင့်ပေးပြီး ထိုင်းဘက်မှ ကုန်ပစ္စည်း ဝယ်ယူသယ်ဆောင်ခွင့် ပြုမည်

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)ကို မတ်လ (၂၃)ရက်နေ့တွင် ပြန်ဖွင့်ပေးပြီး ထိုင်းဘက်မှ ကုန်ပစ္စည်း ဝယ်ယူသယ်ဆောင်ခွင့် ပြုမည်
မတ် 22, 2020
By Tachileik News Agency
တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)ကို  မတ်လ (၂၃)ရက်နေ့တွင် ပြန်ဖွင့်ပေးပြီး ထိုင်းဘက်မှ ကုန်ပစ္စည်း ဝယ်ယူသယ်ဆောင်ခွင့် ပြုမည်

တာချီလိတ်မြို့ရှိ  မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ထိုင်းဘက်မှ ပြန်လည်ဖွင့်ပေးပြီး ထိုင်းဘက်မှ ကုန်ပစ္စည်းများ  ဝယ်ယူ သယ်ဆောင်ခွင့်ပြုမည်ဖြစ်သော်လည်း လူနာတင်ယာဉ် အပါအဝင် လူဖြတ်သန်းသွားလာခွင့်မပြုကြောင်း သိရသည်။

မနက်ဖြန် တံတား (၂)ပြန်ဖွင့်မယ်။ တစ်နိုင်တစ်ပိုင် လက်ဆွဲတွေကိုလည်း ဟိုဘက်ကနေ မှန်လုံနဲ့ သယ်နိုင်ဖို့လည်း ညှိထားတယ်။ လူအများကြီးနဲ့သွားတဲ့ ဆမ်လော့(သုံးဘီး)၊ လူနာတင်ကား၊ လူဖြတ်သန်းသွားလာခွင့်တော့ မရဘူး။ ကုန်စည်ကူးသန်းရောင်းဝယ်မှုအနေနဲ့ပဲ ဖွင့်မယ်

ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၂)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီ၊ အိမ်ဆောက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ စသဖြင့် ဝယ်ယူသယ်ဆောင်ခွင့်ပြုမည်ဖြစ်သော်လည်း လူနာပို့ဆောင်ခြင်း၊ လူဖြတ်သန်းသွားလာခြင်းကို ထိုင်းနိုင်ငံဘက်မှ ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ အရေအတွက် တစ်ရှိန်ထိုးမြှင့်လာ၍ ရောဂါပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေဆဲကာလအတွင်း တာချီလိတ်ဘက်ရှိ နယ်စပ်ဂိတ်များအား ကုန်စည်ဖြတ်သန်းခွင့်လွဲ၍ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~