လားရှိုးမြို့ရှိ Lashio Flannel House ကြက်ဥဆိုင်က  ကြက်ဥ တစ်လုံးကို (၅)ကျပ်နှုန်းဖြင့် ရောင်းချပေးမည်

လားရှိုးမြို့ရှိ Lashio Flannel House ကြက်ဥဆိုင်က  ကြက်ဥ တစ်လုံးကို (၅)ကျပ်နှုန်းဖြင့် ရောင်းချပေးမည်
ဇူလိုင် 24, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့  ရပ်ကွက်(၁၀) တိုင်းရုံးလမ်းခွဲထိပ်၊ သူရလမ်းရှိ ဆိုင်က ပြည်သူများ အဆင်ပြေရေး  ၂၀၂၁ခုနှစ် ဇူလိုင် (၂၆)ရက်နေ့ သို့မဟုတ် (၂၇)ရက်နေ့၌ ကြက်ဥတစ်လုံးကို (၅)ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ကူးစက်မြန်နေသည့် Covid-19 တတိယလှိုင်းအတွင်း ကုန်ဈေးနှုန်းမြှင့်တက်လာမှုကြောင့် ကြက်ဥဈေးနှုန်းမှာ တစ်လုံးလျှင် ကျပ်(၂၀၀)မှ ကျပ်(၃၀၀)အထိ ဈေးတက်နေသည့်အတွက် ပြည်သူများကို ကူညီသည့်အနေဖြင့် တစ်လုံးလျှင် (၅)ကျပ်ဖြင့်သာ ရောင်းချပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း နှင့် ရောင်းချပေးမည့် အရေအတွက် အကန့်အသတ်ရှိခြင်းကြောင့်  ဝယ်ယူလိုသူများအနေဖြင့်  ဖုန်း 094 23009 098 သို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။ 

Lashio Flannel House ဆိုင်သည် KBZ Pay ကနေ ငွေသားထုတ်ယူရခက်သူတွေအတွက် တစ်ရက်လျှင်တစ်ဦးကို  (၅)သောင်းကျပ်အား ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးသည့် ဆိုင်လည်း ဖြစ်ကြောင်း သိရသည်။