လားရိႈးတြင္ ဌာနဆုိင္ရာႏွင့္ လူမႈကူညီေရးအသင္းမ်ားေပါင္းၿပီး အပတ္စဥ္ စေနေန႔တိုင္း အမိႈက္ေကာက္မည့္ အစီအစဥ္ ဧၿပီလအတြင္း စမည္လားရိႈးတြင္ ဌာနဆုိင္ရာႏွင့္ လူမႈကူညီေရးအသင္းမ်ားေပါင္းၿပီး အပတ္စဥ္ စေနေန႔တိုင္း အမိႈက္ေကာက္မည့္ အစီအစဥ္ ဧၿပီလအတြင္း စမည္

လားရိႈးတြင္ ဌာနဆုိင္ရာႏွင့္ လူမႈကူညီေရးအသင္းမ်ားေပါင္းၿပီး အပတ္စဥ္ စေနေန႔တိုင္း အမိႈက္ေကာက္မည့္ အစီအစဥ္ ဧၿပီလအတြင္း စမည္လားရိႈးတြင္ ဌာနဆုိင္ရာႏွင့္ လူမႈကူညီေရးအသင္းမ်ားေပါင္းၿပီး အပတ္စဥ္ စေနေန႔တိုင္း အမိႈက္ေကာက္မည့္ အစီအစဥ္ ဧၿပီလအတြင္း စမည္
မတ် 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ ဌာနဆုိင္ရာမ်ားႏွင့္ လူမႈကူညီေရးအဖြဲ႕မ်ားေပါင္းၿပီး အပတ္စဥ္ စေနေန႔တုိင္း အမိႈက္ေကာက္ျခင္း အစီအစဥ္အား ဧၿပီလအတြင္း ကစ၍ အမႈိက္ေကာက္ႏိုင္ရန္ ၂၀၁၉ ခုႏွစ္ မတ္လ (၂၉)ရက္က ေတြ႔ဆံုေဆြးေႏြးၿပီး ဆံုးျဖတ္လုိက္ေၾကာင္း သိရသည္။

ေဒသခံလူမႈကူညီေရးအသင္းအဖြဲ႔မ်ားႏွင့္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတို႔ ေတြ႔ဆံုေဆြးေႏြးၿပီး ယင္းကဲ့သို႔ ဆံုးျဖတ္လုိက္ျခင္းျဖစ္သည္။

"လားရိႈးၿမိဳ႕ဟာ အင္အားႀကီးမားတဲ့ႏိုင္ငံႀကီးတစ္ခုကိုသြားတဲ့ လမ္းေၾကာေပၚမွာရွိတယ္။ အရင္တုန္းက တြဲဘက္ ျပည္နယ္ၿမိဳ႕အထိ ရံုးထိုင္ခဲ့တဲ့ၿမိဳ႕လည္းျဖစ္တယ္။ တရုတ္ႏိုင္ငံ လင္ခ်န္းၿမိဳ႕နဲ႔ ညီအစ္မၿမိဳ႕တစ္ခုလည္း ျဖစ္တယ္။ အဲဒီအတြက္ ကၽြန္ေတာ္တို႔ၿမိဳ႕ဟာ ေနာင္ျဖစ္လာမယ့္ ကာလေတြမွာ ခရီးသြားအပန္းေျဖသူေတြ ခရီးတစ္ေထာက္ နားရာလည္း ျဖစ္လာႏိုင္တယ္။ အမ်ားႀကီး ျပင္ဆင္ေျပာင္းလဲေပးဖို႔ လိုပါတယ္။ ဒါေၾကာင့္ ပရဟိတအသင္းအဖြဲ႔ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔ ေဆြးေႏြးရတာျဖစ္ပါတယ္။ ဒီေန႔ပြဲရဲ့ရည္ရြယ္ခ်က္တစ္ခုျဖစ္တဲ့ လူမႈေရးအဖြဲ႔ေတြနဲ႔ ကြန္ယက္တစ္ခုကိုဖြဲ႔စည္းဖို႔အတြက္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီက ႀကိဳဆိုပါတယ္" ဟု လားရိႈးၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးအာကာလင္းက ေျပာသည္။

စုေပါင္းအမိႈက္ေကာက္ျခင္းကို ဧၿပီလ ပထမပတ္ စေနေန႔တြင္ စတင္ႏိုင္ရန္ စီစဥ္ေနၿပီး စုေပါင္းသန္႔ရွင္းေရး အမႈိက္ေကာက္ျခင္း ပထမဦးဆံုး အႀကိမ္အတြက္ လိုအပ္မည့္ လက္အိတ္မ်ား၊ Mask မ်ား၊ အမႈိက္အိတ္မ်ား ၊ အမိႈက္ပံုးမ်ားႏွင့္ အမိႈက္သယ္ယာဥ္မ်ားအတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ၿမိဳ႕ဂုဏ္ေဆာင္ အမႈိက္သိမ္းကုမၸဏီ တို႔က တာဝန္ယူေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

စုေပါင္းအမိႈက္ေကာက္သန္႔ရွင္းေရး ျပဳလုပ္ရာတြင္ လူမႈကူညီေရးအသင္းအဖြဲ႔ ( ၄၀ )ေက်ာ္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတို႔အျပင္ သင္တန္းေက်ာင္းမ်ား တကၠသိုလ္မ်ားမွ ေက်ာင္းသူ/သားမ်ားပါ ပူးေပါင္းပါဝင္ႏိုင္ေစရန္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း /ဓါတ္ပံု -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအဖွဲ့များပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း အမှိုက်ကောက်ခြင်း အစီအစဉ်အား ဧပြီလအတွင်း ကစ၍ အမှိုက်ကောက်နိုင်ရန် ၂၀၁၉ ခုနှစ် မတ်လ (၂၉)ရက်က တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးပြီး ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"လားရှိုးမြို့ဟာ အင်အားကြီးမားတဲ့နိုင်ငံကြီးတစ်ခုကိုသွားတဲ့ လမ်းကြောပေါ်မှာရှိတယ်။ အရင်တုန်းက တွဲဘက် ပြည်နယ်မြို့အထိ ရုံးထိုင်ခဲ့တဲ့မြို့လည်းဖြစ်တယ်။ တရုတ်နိုင်ငံ လင်ချန်းမြို့နဲ့ ညီအစ်မမြို့တစ်ခုလည်း ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့မြို့ဟာ နောင်ဖြစ်လာမယ့် ကာလတွေမှာ ခရီးသွားအပန်းဖြေသူတွေ ခရီးတစ်ထောက် နားရာလည်း ဖြစ်လာနိုင်တယ်။ အများကြီး ပြင်ဆင်ပြောင်းလဲပေးဖို့ လိုပါတယ်။ ဒါကြောင့် ပရဟိတအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးရတာဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ လူမှုရေးအဖွဲ့တွေနဲ့ ကွန်ယက်တစ်ခုကိုဖွဲ့စည်းဖို့အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ကြိုဆိုပါတယ်" ဟု လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောသည်။

စုပေါင်းအမှိုက်ကောက်ခြင်းကို ဧပြီလ ပထမပတ် စနေနေ့တွင် စတင်နိုင်ရန် စီစဉ်နပြေီး စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ခြင်း ပထမဦးဆုံး အကြိမ်အတွက် လိုအပ်မည့် လက်အိတ်များ၊ Mask များ၊ အမှိုက်အိတ်များ၊ အမှိုက်ပုံးများနှင့် အမှိုက်သယ်ယာဉ်များအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့ဂုဏ်ဆောင် အမှိုက်သိမ်းကုမ္ပဏီ တို့က တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ရာတွင် လူမှုကူညီရေးအသင်းအဖွဲ့ ( ၄၀ )ကျော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့အပြင် သင်တန်းကျောင်းများ တက္ကသိုလ်များမှ ကျောင်းသူ/သားများပါ ပူးပေါင်းပါဝင်နိုင်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း /ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net