တာချီလိတ်တွင် ခိုးယူခံရသည့် ဆိုင်ကယ်(၁၂)စီးကို ပြန်လည်သိမ်းဆည်းရမိထား၍ ပိုင်ရှင်ဖြစ်သူများ ရဲစခန်းသို့ လာရောက် ကြည့်ရှု အတည်ပြုနိုင်

တာချီလိတ်တွင် ခိုးယူခံရသည့် ဆိုင်ကယ်(၁၂)စီးကို ပြန်လည်သိမ်းဆည်းရမိထား၍ ပိုင်ရှင်ဖြစ်သူများ ရဲစခန်းသို့ လာရောက် ကြည့်ရှု အတည်ပြုနိုင်
သြဂုတ် 12, 2020
By Tachileik News Agency
တာချီလိတ်တွင် ခိုးယူခံရသည့် ဆိုင်ကယ်(၁၂)စီးကို ပြန်လည်သိမ်းဆည်းရမိထား၍ ပိုင်ရှင်ဖြစ်သူများ ရဲစခန်းသို့ လာရောက် ကြည့်ရှု အတည်ပြုနိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးသည့်အဖွဲ့ထံမှ ဆိုင်ကယ် (၁၂)စီးကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ ညပိုင်းကနေ (၁၂)ရက်နေ့ နံနက်ပိုင်းအထိ သိမ်းဆည်းရမိထားသဖြင့် ဆိုင်ကယ်ပျောက်ဆုံးထားသူများ မြို့မရဲစခန်း၌ လာရောက်စစ်ဆေးအတည်ပြုနိုင်ကြောင်း သိရသည်။

"အခုဖမ်းမိတဲ့ဆိုင်ကယ်တွေကို စိစစ်တဲ့အခါ without တွေပါသလို လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေကိုလည်း တွေ့ရပါတယ်။ လိုင်စင်ရှိတဲ့ဆိုင်ကယ်တွေကတော့ ဒီအမှုဖွင့်ပြီး ပိုင်ရှင်ဆက်လက်စုံစမ်းမှာဖြစ်သလို လိုင်စင်မရှိတာတွေလည်း ရှိအောင် ဆောင်ရွက်စေမှာဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မရဲစခန်းတွင် သိမ်းဆည်းရမိထားသည့် ဆိုင်ကယ်များအနက် သြဂုတ်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းအထိ ပိုင်ရှင်အတည်ပြုနိုင်သည့် ဆိုင်ကယ် (၁)စီး တွေ့ရှိထားကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးထားသူများအနေဖြင့် မိမိတို့ဆိုင်ကယ်နှင့် သက်ဆိုင်သည့် အထောက်အထားများရှိပါက ယူဆောင်လာပြီး အတည်ပြုခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ကာ အမှုကို တရားရုံးတင်စစ်ဆေးပြီးပါက ပိုင်ရှင်များထံ ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

လိုင်စင်မရှိသည့်ဆိုင်ကယ်များကိုလည်း ဆိုင်ကယ်၏အချက်အလက်များဖြင့် လာရောက်အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၌ ရုံးဖွင့်ရက်များတွင် ပုံမှန်ဆောင်ရွက်ပေးနေသဖြင့် ဆိုင်ကယ်များကို လိုင်စင်ပြုလုပ် စီးနင်းကြရန်ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးက တိုက်တွန်းထားသည်။

ဆိုင်ကယ်ခိုးမှုအား ဖော်ထုတ်ရမိမှုနှင့် ပတ်သက်၍ လှည့်ကင်းရဲတပ်ဖွဲ့က သြဂုတ်လ (၁၁)ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်တွေ့ရသည့် လူငယ်အမျိုးသား (၃)ဦးကို စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူရာတွင် အသုံးပြုသည့် cutter၊ ဂွင်း၊ ဂွစသည်တို့ဖြင့် တွေ့ရသဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူသူများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာက ခိုးယူသည့်ဆိုင်ကယ်များအား လက်ခံကာ ပုံဖျက်ပြုပြင်ပေးသူ (၃)ဦးကိုပါ ထပ်မံဖမ်းမိခြင်းဖြစ်ကြောင်း နှင့် ဆိုင်ကယ်(၁၂)စီးကို ပြန်လည်သိမ်းဆည်းရမိပြီး ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း
တာချီလိတ်တွင် ဆိုင်ကယ်ခိုးသူနှင့် ပြုပြင်ရောင်းချပေးသူ (၆)ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ် (၁၂)စီး ပြန်လည် သိမ်းဆည်းရမိထား ဆက်လက်စစ်ဆေးနေ

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ  - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~