မိုင်းပျဉ်းမြို့နယ်အတွင်း တောင်ကျရေတိုက်စားမှုကြောင့် ရှမ်းရှေ့နှင့် ရှမ်းတောင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

မိုင်းပျဉ်းမြို့နယ်အတွင်း တောင်ကျရေတိုက်စားမှုကြောင့် ရှမ်းရှေ့နှင့် ရှမ်းတောင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်အတွင်းမှ တာကောဟွေဟင် (၉) မိုင်ရွာနှင့်ဝန်းကျင်၌ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့က တောင်ကျရေတိုက်စားမှုကြောင့် တံတားတစ်စင်းနှင့် လမ်းပိုင်းပျက်စီးသွားသည့်အတွက်  ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး ဇူလိုင်လ (၂၂) ရက်နေ့အထိ ပြတ်တောက်နေဆဲဖြစ်သည်။

"ဒီနေ့အထိတော့ သွားလာလို့ မရသေးဘူး။ နောက် တစ်ရက် နှစ်ရက်နေရင်တော့ ရလောက်ပြီကြားပါတယ်"ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

မိုးရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် တာကောဟွေဟင် (၉ )မိုင်ရွာအနီး ပလောင်ကုန်းဆာတက်သည့် တံတားမှာ ပျက်စီးသွားသည့်အပြင် ကျေးရွာအိမ်ခြေများအတွင်း ရွှံ့နွံသစ်ပင်သစ်ကိုင်းအမှိုက်များဖြင့်စီးဝင်လာသည့် တောင်ကျရေ တိုက်စားခံရပြီး လူ (၁၁) ဦးသေဆုံးသည်ဟု သိရသည်။

လူသေဆုံးမှုအရေအတွက်မှာ ဒေသခံအချို့က လူမှုကွန်ယက်တွင် ဖေါ်ပြထားသည့်အရေအတွက်သာဖြစ်ပြီး သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက်ရထားခြင်းမရှိပါ။

#TachileikNewsAgency

Photo: Sai Arkar Smith