တာချီလိတ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသည့် အနေဖြင့် မီးသတ်တပ်ဖွဲ့မှ စုပေါင်း သွေးလှူဒါန်း

တာချီလိတ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသည့် အနေဖြင့် မီးသတ်တပ်ဖွဲ့မှ စုပေါင်း သွေးလှူဒါန်း
မေ 3, 2020
By Tachileik News Agency
တာချီလိတ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသည့် အနေဖြင့် မီးသတ်တပ်ဖွဲ့မှ စုပေါင်း သွေးလှူဒါန်း

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တာချီလိတ် မီးသတ်တပ်ဖွဲ့က စုပေါင်း သွေးလှူဒါန်းပွဲအား ၂၀၂၀ခုနှစ် မေလ(၃)ရက်နေ့ နံနက်ပိုင်းက တာချီလလိတ် ခရိုင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ပြီး သန္ဓေနှင့် အရန် တပ်ဖွဲ့ဝင် (၂၀)ဦးမှ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် covid-19 ရောဂါအခြေအနေကြောင့် မီးသတ်တပ်ဖွဲ့နေ့အား ကျင်းပပြုလုပ်တော့မည်မဟုတ်ဘဲ ဂုဏ်ပြုသည့် အစီအစဉ်ဖြင့် စုပေါင်း သွေးလှူဒါန်းခြင်းသာ ပြုလုပ်ကြောင်း သိရသည်။

ကျွန်တော်တို့ ဒီနှစ် တပ်ဖွဲ့နေ့ကတော့ အခမ်းအနား ကျင်းပဖို့တော့ မရှိတော့ဘူးဗျ၊ တပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သွေးလှူဒါန်းပွဲတော့ လုပ်ဖြစ်ပါတယ်၊ ဒီနေ့ သွေးလှူတာပါ (၂၀)ဦးပါ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ပါတယ်၊ သန္ဓေလည်းပါတယ်

ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့သည် ၂၀၂၀ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး  ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်  သွေးလှူဒါန်းရာ တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင် (၁၅)ဦး နှင့် တာချီလိတ်မြို့နယ် အရန်မီးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၅)ဦး စုစုပေါင်း (၂၀)ဦးက လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို နှင့် သန္ၑေ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း နှင့် အရန်တပ်ဖွဲ့ဝင်များမှ သွေးလှူဒါန်းရာ  ပြည်နယ်ကုသရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ အောင်မြင့်ထွန်း နှင့် တာဝန်ရှိသူများက သွေးများကို လက်ခံပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~