မယ်စဲ့မြို့နယ်တွင်းမှ CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း (၇၈)ဦးကို စစ်ကောင်စီက အလုပ်မှ ထုတ်ပယ် 

မယ်စဲ့မြို့နယ်တွင်းမှ CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း (၇၈)ဦးကို စစ်ကောင်စီက အလုပ်မှ ထုတ်ပယ် 
ဇွန် 30, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ မယ်စဲ့မြို့နယ်တွင်း  စစ်အာဏာသိမ်းမှုကို ဖီဆန်ပြီး CDM ပြုလုပ်ထားသော ပညာရေးဝန်ထမ်း (၇၈)ဦးကို စစ်ကောင်စီ က အလုပ်မှ ထုတ်ပယ် လိုက်ကြောင်း သိရသည်။ 

အလုပ်ထုတ်တယ်ဆိုလို့ ကြေညာထားတာပဲ သိရတယ်။ သိရတယ်ဆိုတာလည်း ကိုယ့် အချင်းချင်း ပြောပြကြတယ်။ လိုင်းပေါ်ကနေလဲ တွေ့ရတယ်။ ကျွန်မတို့ဆီတော့ စာမပို့လာသေးဘူးပေါ့နော်။

ဟု ပညာရေးဝန်ထမ်း တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မယ်စဲ့မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း (၁၇)ကျောင်းမှ အာဏာသိမ်းမှုကို ဖီဆန်၍ CDM ပြုလုပ်ထားသော ပညာရေးဝန်ထမ်း (၇၈)ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း မြို့နယ်ပညာရေ မှူးရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ အခြေခံပညာဦးစီးဌာန အလုပ်အမှုဆောင်အဖွဲ့ အစည်းဝေးကို မေလ (၂၄)ရက်နေ့က ကျင်းပပြီး CDM ပညာရေးဝန်ထမ်းများအား အလုပ်မှထုတ်ပယ်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေ​နေများကို အခြေခံပညာ ဦးစီးဌာရုံးချုပ်သို့ ဇွန်လ(၁၀)ရက်နေ့တွင် ပေးပို့ရန် ညွှန်ကြားထားသည်ဟု သိရသည်။

ကယားပြည်နယ်တွင်းရှိ အခြေခံပညာကျောင်းများမှ CDM ပြုလုပ်သော ပညာရေးဝန်ထမ်းများဖြစ်သည့် ဖရူဆိုမြို့နယ်တွင် (၅၂၆)ဦး ၊  ဒီးမော့ဆိုမြို့နယ်တွင် ( ၁,၁၂၃)ဦး နှင့် မယ်စဲ့မြို့နယ်တွင် (၇၈)ဦးတို့ ကို စစ်ကောင်စီက အလုပ်မှထုတ်ပယ်ခဲ့ပြီး ကျန်မြို့နယ်များ၏ စာရင်းများကိုတော့ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

#TachileikNewsAgency