မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့် နင်းမိုင်းအလုံး ၃၀ တော်လှန်ရေးတပ်များ ရှင်းလင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့် နင်းမိုင်းအလုံး ၃၀ တော်လှန်ရေးတပ်များ ရှင်းလင်း
အောက်တိုဘာ 25, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောနေရာအနီးတွင် ကရင်နီတော်လှန်ရေးတပ်များက မိုင်းရှင်းရေးလုပ်ဆောင်ခဲ့ရာ မိုင်းအလုံး(၃၀)အား ရှင်းလင်းနိုင်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုင်းရှင်းလင်းရေးကို အောက်တိုဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ (၃)ရက်အတွင်း တပ်ရင်းအမှတ် (၁၀၀၁)မိုးဗြဲပြည်သူ့ကာ ကွယ်ရေးတပ်(၁)၊ KAနှင့် KNDFတို့က ပူးပေါင်းပြီး မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ထောင်ထားသော ၁၄/၁၆ နင်းမိုင်း အလုံး(၃၀)ကို ရှင်းလင်းရရှိခဲ့ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)မှ ထိန်း သိမ်းထားသည်ဟု ဆိုသည်။

ထိုကြောင့် ပြည်သူများအားလုံး တော်လှန်ရေးအင်အားစုမှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် တားမြစ်ထားသောနေရာများကို သွားလာခြင်းမပြုရန်နှင့် ကောင်စီတပ်စွဲထားသော နေရာအနီးများတွင် သွားလာနေထိုင်မှုများရှောင်ရှားရန် သတိပေးနိုးဆော်ထားသည်။

#TachileikNewsAgency