လားရှိုးမြို့၏ မြို့ရှောင်လမ်းမကြီးတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်

လားရှိုးမြို့၏ မြို့ရှောင်လမ်းမကြီးတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်
ဇွန် 21, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှောင်လမ်းမကြီးတွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ ည (၇) နာရီဝန်းကျင်အချိန်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်မောင်းမှာ ခါးအောက်ပိုင်းညှပ်မိနေသဖြင့် မီးသတ်တပ်ဖွဲ့က အချိန်(၂)နာရီကျော်ဝန်းကျင်ကြာ ကယ်ဆယ်ထုတ်ယူခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

လားရှိုးမြို့ရှောင်လမ်းမကြီး၏ တောင်နောက်ရွာ၊ အေတီနောက်ချောင်းတံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုအား တွေ့ရှိသူတစ်ဦးက မီးသတ်တပ်ဖွဲ့ထံ ည (၇) နာရီကျော်တွင် ဆက်သွယ်အကူအညီတောင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

 

ခါးအောက်ပိုင်းညှပ်မိနေသည့် ယာဉ်မောင်းကို ခရိုင်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများအပါအဝင် ပေးသောလက်စေတနာရှင်လူမှုကူညီရေးအသင်းမှ အသင်းသားများက မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးပစ္စည်းကိရိယာများ အကူအညီဖြင့် ည (၉)နာရီခွဲဝန်းကျင်တွင် ဆွဲထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရယာဉ်မောင်းအား ပေးသောလက်စေတနာရှင်လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ပေးထားကြောင်း သိရသည်။



#TachileikNewsAgency

Photo: ပေးသောလက်စေတနာရှင်လူမှုကူညီရေးအသင်း(လားရှိုး)