We Are One Cup 2018 အလွတ်တန်းဘောလုံးပြိုင်ပွဲ လားရှိုးတွင် စတင်ကျင်းပနေ

We Are One Cup 2018 အလွတ်တန်းဘောလုံးပြိုင်ပွဲ လားရှိုးတွင် စတင်ကျင်းပနေ
ဇှနျ 15, 2018
By Tachileik News Agency




သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

We Are One Cup 2018 အလွတ်တန်းဘောလုံးပြိုင်ပွဲအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပြည်ထောင်စု အားကစားကွင်းတွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ပြီး ကျင်းပပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

“ရှမ်းပြည်နယ် အားကစားတိုးတက်ရေးနှင့် လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားမှု တိုးတက် လာစေရန် ရည်ရွယ်ပြီးတော့ ရှမ်းပြည်နယ်အတွင်းမှာ WE ARE ONE CUP အလွတ်တန်း ဘောလုံးပြိုင်ပွဲတွေကို ကျင်းပ ပြုလုပ်ပေးတာဖြစ်ပါတယ်။ လူငယ်တွေအကြားမှာ အချင်းချင်း စည်းလုံး ညီညွတ်မှု တိုးပွားလာစေဖို့ အပြင် နိုင်ငံရဲ့ဂုဏ်ကို အားကစားနဲ့ မြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ပါတယ်”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ဖွင့်ပွဲ၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ သိန္နီမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့မှ ပြိုင်ပွဲဝင် ဘောလုံးအသင်း(၁၆)သင်းက ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား သြဂုတ်လ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~