တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံမှ လာရောက်ခေါ်ဆောင်

တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံမှ လာရောက်ခေါ်ဆောင်
ဧပြီ 21, 2020
By Tachileik News Agency
 တာချီလိတ်၏ ဒုတိယမြောက် အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံမှ လာရောက်ခေါ်ဆောင်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရဲ့ ဒုတိယမြောက် Covid-19 အတည်ပြုလူနာကို ဆေးဝါးကုသမှုပေးနိုင်ရန်အတွက် ကျိုင်းတုံဆေးရုံက ၂၀၂၀ခုနှစ် ဧပြီလ(၂၁)ရက်နေ့ ညနေပိုင်းက လာရောက်ခေါ်ဆောင်သွားပြီဖြစ်ပါတယ်။

အတည်ပြုလူနာဖြစ်တဲ့ အမျိုးသမီးဟာ သူနာပြုဆရာတစ်ဦးဖြစ်ပြီး သူနေထိုင်ရာ တာချီလိတ်ဆေးရုံအတွင်းရှိ ဝန်ထမ်းလိုင်းခန်းအထိ   ကျိုင်းတုံဆေးရုံက လူနာတင်ယာဉ်များနဲ့ လာရောက်ခေါ်ဆောင်ချိန်မှာ ဆေးရုံဝန်းအတွင်းမှာရှိတဲ့ ကျန်းမာရေးမိသားစုဝင်များက စိတ်ဓါတ်မြင့်တင်ရေးအတွက် လက်ခုပ်သီး အားပေးခဲ့ကြတာကိုအခုလို တွေ့ရပါတယ်။၊

သူနာပြုဆရာမကို ခေါ်ဆောင်သွားပြီဖြစ်တဲ့အတွက် ကျန်းမာရေးက ဝန်ထမ်းလိုင်းခန်းနဲ့ သားဖွားဆောင်တို့ကို ဆေးဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ဒုတိယမြောက် အတည်ပြုလူနာဟာ တာချီလိတ်ရဲ့ ပထမအတည်ပြုလူနာနဲ့ အထိအတွေ့ရှိခဲ့သူများထဲ တစ်ဦးဖြစ်ပြီး ဓါတ်ခွဲနမူနာရဲ့ အဖြေဟာ ဧပြီလ(၂၀)ရက်နေ့ ညပိုင်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးဌာနက သူနာပြုဆရာမနဲ့ ထိတွေ့မှုရှိခဲ့သူများရဲ့ စာရင်းများကို ကောက်ယူနေပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း ၊ ရိုက်ကူး - ချယ်ရီထိုက်