တာချီလိတ်မြို့တွင် မယ်ခေါင်ရပ်ကွက်ကစ၍ မြို့ပြင်ကျေးရွာများအထိ ဇွန်လ(၁၃)ရက်နေ့ နေ့တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

တာချီလိတ်မြို့တွင် မယ်ခေါင်ရပ်ကွက်ကစ၍ မြို့ပြင်ကျေးရွာများအထိ ဇွန်လ(၁၃)ရက်နေ့ နေ့တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်
ဇွန် 12, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်မှ စ၍ မြို့ပြင် ရပ်ကွက်၊ ကျေးရွာများအထိ ဇွန်လ(၁၃)ရက်နေ့တွင် နေ့တစ်ပိုင်းလျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာရေးဌာနမှ လမ်းသားတိုးချဲ့မှု လုပ်ဆောင်နေရာတွင် လမ်းနှင့် မလွတ်ကင်းသည့် ဓါတ်တိုင်များကို ရွှေ့ပြောင်းစိုက်ထူမည်ဖြစ်သည့်အတွက် ၂၀၂၁ခုနှစ် ဇွန်လ(၁၃)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအချိန်အထိ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးက အသိပေးထားခြင်း ဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်မည့် ရပ်ကွက်များ နှင့် ကျေးရွာအုပ်စုများမှာ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆပ်ရပ်ကွက်၊ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ လေယာဉ်ကွင်း၊ စက်မှုဇုန်၊ မိုင်းဖုန်း(က+ခ)ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်(မယ်ယန်း)ကျေးရွာအုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအထိ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency