တာချီလိတ်မြို့ ဘုရင့်နောင်ဈေးအနီး ပေါက်ကွဲသံ (၂)ချက် ထွက်ပေါ်

တာချီလိတ်မြို့ ဘုရင့်နောင်ဈေးအနီး ပေါက်ကွဲသံ (၂)ချက် ထွက်ပေါ်

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဆေးရုံကြီးအနောက်ဘက် နှင့် ဘုရင့်နောင်ဈေးအနီးဝန်းကျင်ဘက်တွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၉)ရက်နေ့အကူး (၀၀း၂၉)နာရီဝန်းကျင်အချိန်က ပေါက်ကွဲသံ (၂)ချက် ထွက်ပေါ်လာကြောင်း သိရသည်။

အသံက အကျယ်ကြီးကြားရတယ်။ ဘယ်နား ဘာဖြစ်လဲမသိဘူး။ (၂)ချက်ကြားရတယ်။ အခု လူတွေအများကြီး ထွက်ကြည့်နေကြတယ်။

ဟု ဝမ်ကောင်းရပ်ကွက်အတွင်းနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

(၀၀း၃၆)နာရီအချိန် လူများထွက်ကြည့်နေသော်လည်း မည်သည့်နေရာတွင် ဖြစ်ပွားသည် ရှာမတွေ့သေးကြောင်း သိရသည်။

မေလ(၈)ရက်နေ့ နံနက်ပိုင်းကလည်း ဆေးရုံကြီးအတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဗုံး(၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။