မိုင်းယောင်းမြို့တွင် Covid-19 သံသယရှိသူများ လာရောက်စစ်ဆေးနိုင်ရန်အတွက် Fever Clinic ကို ပြန်လည် ဖွင့်လှစ်

Photo: We Love Mongyawng
Photo: We Love Mongyawng
မိုင်းယောင်းမြို့တွင် Covid-19 သံသယရှိသူများ လာရောက်စစ်ဆေးနိုင်ရန်အတွက် Fever Clinic ကို ပြန်လည် ဖွင့်လှစ်
ဇူလိုင် 9, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း Covid-19 သံသယရှိသူများအနေဖြင့် လာရောက် စစ်ဆေးနိုင်ရန်အတွက် Fever Clinic ကို ယနေ့ ဇူလိုင်လ(၉)ရက်နေ့က စ၍ ပြန်လည် ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့၊ အမှတ်(၉)ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ အဆောက်အဦးတွင် ယနေ့ ဇူလိုင်လ(၉)ရက်နေ့က စတင်ကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့များအထိ နံနက်(၉)နာရီမှ နေ့လည်(၁)နာရီအထိ Covid-19 နှင့် ပတ်သက်၍ ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူကြပ်၊ အနံ့မရ၊ နှာစေး၊ အရသာခံစားလို့မရတော့သူများအနေဖြင့် လာရောက်၍ စစ်ဆေးမှု ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့သို့ တာချီလိတ်မြို့မှ လာသူများကို Quarantine ထားရှိကာ Covid-19 စစ်ဆေးပေးနေကြောင်း သိရသည်။

မိုင်းယောင်းမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၅)ရက်နေ့က တာချီလိတ်ပြန်များကနေ စတင်လာပြီး ယနေ့ ဇူလိုင်လ(၉)ရက်နေ့အထိ Covid-19 ပိုးတွေ့ရှိသူ (၆)ဦး ရှိနေကြောင်း သိရသည်။