ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး 

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး 
အောက်တိုဘာ 5, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ (၄)ရက်နေ့ ညပိုင်းတွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ရကြောင်း KNDF B-15က သတင်းထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ဒေသခံအရပ်သားများနေထိုင်ရာ ကျေးရွာတစ်ရွာကို ယမန်နေ့ ည (၁၀)နာရီကျော်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှု မရှိခဲ့သော်လည်း စာသင်ကျောင်းတစ်ဆောင်နှင့် နေအိမ်အဆောက်အဦး (၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :Karenni Nationalities Defense Force - KNDF/ B-15