လွိုင်ကော်မြို့နယ်အတွင်း လင်ဖုန်လေးကျေးရွာအနီး ဓာတ်တိုင်ပေါ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး 

လွိုင်ကော်မြို့နယ်အတွင်း လင်ဖုန်လေးကျေးရွာအနီး ဓာတ်တိုင်ပေါ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် လင်ဖုံလေး ကျေးရွာလမ်းခွဲအနီးရှိ တောင်ယားခင်းထဲမှ လျှပ်စစ်ဓာတ်အားတိုင်ပေါ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေသည်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းတွင် တွေ့ရကြောင်းသိရသည်။ 

လျှပ်စစ်ဝန်ထမ်းများက မေလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတွင် လျှပ်စစ်လိုင်းများ လိုက်စစ်ဆေးစဥ် တောင်ယာခင်းထဲရှိ ဓာတတိုင်ပေါ်တွင် ဓာတ်လိုက်သေဆုံးနေသော အမည်မသိအမျိုးသားတစ်ဦးအား တွေ့ရှိခဲ့ရပြီး အနီးနားတွင် သော့တန်းလန်းဖြင့် ဆိုင်ကယ်တစ်စီးပါ တွေ့ရှိခဲ့ကြောင်း သိရသည်။ 

မည်သူဆိုသည်ကို ဆွေမျိုးများ သိရှိနိုင်ရန် ဖော်ပြပေးခြင်း ဖြစ်ပါသည်

အဆိုပါ သေဆုံးသူ အမျိုးသား၏ အမည်နှင့် နေရပ်လိပ်စာများကို သိရှိရခြင်းမရှိသေးဘဲ ရုပ်အလောင်းအား  ရွှေလွိုင်ကော်ပရဟိတကားဖြင့် ကူညီသယ်ဆောင်၍ လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Photo: ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်း