မူဆယ်မြို့တွင် နေရာပေါင်း(၃)နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦးသေဆုံး

မူဆယ်မြို့တွင် နေရာပေါင်း(၃)နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦးသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ယနေ့ မေလ(၂၈)ရက်နေ့ နံနက်(၈)နာရီခွဲကစပြီး နေရာ (၃)နေရာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားရာ မြို့ထဲ၌ ဖြစ်ပွားသော ပေါက်ကွဲမှုတွင် ဆိုင်ကယ်တစ်စီး မီးလောင်ပြီး အမျိုးသားတစ်ဦး နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ အာဏာသိမ်းစစ်တပ်နှင့်အဖွဲ့များ ရောက်ရှိလာပြီး လမ်းများပိတ်ထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာပေါင်း(၃)နေရာအနက် တစ်နေရာတည်းတွင် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်ခဲ့သည်။



Photo: CJ