လားရှိုးမှ နမ့်ဆန်မြို့ကို သွားလာနိုင်သည့် အီနိုင်းတံတား မိုင်းခွဲခံရ

လားရှိုးမှ နမ့်ဆန်မြို့ကို သွားလာနိုင်သည့် အီနိုင်းတံတား မိုင်းခွဲခံရ
ဇန်နဝါရီ 1, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှ နမ့်ဆန်မြို့ကို သွားလာနိုင်သည့် အီနိုင်းတံတား ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့က မိုင်းခွဲခံရကာ ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

လားရှိး-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့များကို အဓိကဆက်သွယ်ထားသည့် အီနိုင်းတံတားအား လားရှိးမြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု TNLAက ယနေ့ ဇန်နဝါရီလ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ကလည်း သီပေါ-နမ္မတူအကြားကို အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအား စစ်ကောင်စီ၏ (၅၀၃၊ ၅၀၄)တပ်မှ လာရောက်မိုင်းခွဲဖျက်ဆီးသွားကြောင်း TNLAက သတင်းထုတ်ပြန်သည်။

မိုးတေချောင်းတံတားသည် သီပေါ-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါတံတားမှ သွားလာနိုင်သည့် နမ္မတူ၊ နမ့်ဆန်၊ မန်တုံမြို့တို့ကို TNLAက သိမ်းပိုက်ထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News