ဒီးမော့ဆိုမြို့သို့ အင်အားလာဖြည့်သည့် အာဏာသိမ်းစစ်ကောင်စီ၏ တင့်ကားနှင့် ခြေလျင်တပ်ဖွဲ့ကို PDF က  မိုင်းခွဲတိုက်ခိုက်

ဒီးမော့ဆိုမြို့သို့ အင်အားလာဖြည့်သည့် အာဏာသိမ်းစစ်ကောင်စီ၏ တင့်ကားနှင့် ခြေလျင်တပ်ဖွဲ့ကို PDF က  မိုင်းခွဲတိုက်ခိုက်
မေ 24, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်သို့ အင်အားဖြည့်ရန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ တင့်ကားနှင့် ခြေလျင်တပ်ဖွဲ့ကို    ငွေတောင်ဆည်အနီးအရောက် ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့ ညပိုင်း၌   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မိုင်းခွဲတိုက်ခိုက်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့ ၊ ငွေတောင်​ ကျေးရွာဘက်သို့ အင်အားဖြည့်ရန်သွားနေသည့် အာဏာသိမ်း စစ်ကောင်စီ၏  တင့်ကားတစ်စီးနှင့် ခြေလျင်တပ်သားများကို ငွေတောင်ဆည်လမ်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီဖက်မှ အထိအခိုက်ရှိခဲ့သည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF)က သတင်းထုတ်ပြန်သည်။ 

ဒီးမော့ဆိုမြို့တွင် PDF က ပျောက်ကြား တိုက်ခိုက်မှုမှလွဲ၍ ည (၁၀) နာရီခွဲအချိန်ထိ ပစ်ခတ်တိုက်ခိုက်မှုများ မရှိဘဲ အခြေအနေ တည်ငြိမ်နေဆဲဖြစ်သည်ဟု ဒေသခံများက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။