ဒီးမော့ဆိုမြို့နယ်အတွင်း PDF ၏ ပြောက်ကျားစစ်ဆင်ရေး စစ်ကြောင်းတလျှောက် Non-CDM ရုံးများ နှင့် ဒလန်အိမ်များကို ဖြိုချဖျက်ဆီးနိုင်ခဲ့

ဒီးမော့ဆိုမြို့နယ်အတွင်း PDF ၏ ပြောက်ကျားစစ်ဆင်ရေး စစ်ကြောင်းတလျှောက် Non-CDM ရုံးများ နှင့် ဒလန်အိမ်များကို ဖြိုချဖျက်ဆီးနိုင်ခဲ့
မေ 24, 2021 | ကယား

ကယားပြည်နယ် ဒီးမော့ဆို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် အာဏာသိမ်းအကြမ်းစစ်ကောင်စီ၏ တပ်များနှင့် ၂၀၂၁ခုနှစ် မေလ(၂၃)ရက်နေ့တွင်  နေ့လည်ကစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းတလျှောက်ရှိ Non-CDM ရုံးများ နှင့် ဒလန်အိမ်များကို ဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း KNDP က ထုတ်ပြန်ကြေညာထားသည်။

မေလ(၂၃)ရက်နေ့က PDF မှ ပြောက်ကျားစနစ်များဖြင့် ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ညနေပိုင်းကစ၍ အာဏာသိမ်းအဖွဲ့ဘက်က ကုန်းကြောင်း၊ လေကြောင်းများဖြင့်ပါ ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင် ညပိုင်းတွင် ရမ်းသန်းပစ်ခတ်မှုများ အဆက်အပြတ်လုပ်ဆောင်ခဲ့သည်။

မေလ(၂၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် PDF နှင့် အာဏာသိမ်းအဖွဲ့၏ တိုက်ပွဲတွင် အာဏာသိမ်းအဖွဲ့ဘက်က သေဆုံးသူများပြားခဲ့ကြောင်း  သိရသည်။



Photo: KNDP