လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် ဆိုင်ကယ်မောင်းလာသူကို အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့် ရမ်းကား ပစ်သတ်

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် ဆိုင်ကယ်မောင်းလာသူကို အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့် ရမ်းကား ပစ်သတ်
မေ 24, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာနေ ဒေသခံတစ်ဦးအား မေလ(၂၃)ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များမှ သေနတ်ဖြင့် ရမ်းကား ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။ 

လွိုင်ကော် - မိုးဗြဲလမ်းမကြီး တစ်လျှောက်တွင် မေလ (၂၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့များနှင့် စစ်ကောင်စီအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် အာဏာသိမ်းအဖွဲ့မှ အဆိုပါ လမ်းမကြီးတစ်လျှောက် သွားလာ လှုပ်ရှားလျှက်ရှိပြီး ဆိုင်ကယ်စီး၍ သွားလာနေသော ကုန်းသာကျေးရွာ သားတစ်ဦးအား သေနတ်ဖြင့် ရမ်းကား ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ကုန်းသာကျေရွာသားတစ်ဦးမှာ ဆိုင်ကယ်ဖြင့် ရွာတွင်း မောင်းနှင်လာချိန် အာဏာသိမ်းစစ်တပ်မှ ပစ်ခတ်ခဲ့သောကြောင့် ဝမ်းဗိုက်သို့ ကျည်ထိမှန်ကာ ဆိုင်ကယ်မှာလည်းအနီးရှိ ဓာတ်တိုင်အား ဝင်တိုက်မိ၍ခြေထောက်လည်းကျိုးသွားကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency