ဟိုပုံးမြို့နယ်ထွေအုပ်ရုံးတွင် မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ် အမဲ (၂)ထုပ်တွေ့၍ အခက်တွေ့နေ

ဟိုပုံးမြို့နယ်ထွေအုပ်ရုံးတွင် မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ် အမဲ (၂)ထုပ်တွေ့၍ အခက်တွေ့နေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းနှင့် ရုံးအပြင်တို့တွင် ယနေ့ မေလ(၂၂)ရက်နေ့ နံနက်ပိုင်းက မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ် အမဲ (၂)ထုပ်တွေ့ရှိထား၍ နံနက်(၁၁)နာရီ တာယာများဖြင့်ကာထားကာ စောင့်ကြည့်နေကြောင်း သိရသည်။

ထွေအုပ်ရုံး အထဲ နဲ့ ရုံးရှေ့က ဆိုင်ရှေ့မှာရယ် ပလပ်စတစ်အိတ်အမဲနဲ့ထုပ်ထားတဲ့ ကျန်ကျောင်းအိတ်အရွယ် အထုပ်(၂)ထုပ် တွေ့လို့ဆိုပြီး ဗုံးလန့်နေတယ်။ အခု အကာအရံတွေ လုပ်ထားတယ်။  တာယာနဲ့ကာထားတယ်။ လူတွေလည်း ကြောက်ပြီး မသွားကြဘူး။

ဟု ဟိုပုံးမြို့မှ သတင်းရင်းမြစ် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နံနက်(၁၁)နာရီအချိန်အထိ မသင်္ကာဖွယ် အထုပ် (၂)ထုပ်ကာ ကားတာယာဖြင့်သာ ကာထားပြီး အဝေးကနေ စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency