တရုတ်နိုင်ငံတွင် နာရီအနည်းငယ်ခြားပြီး အင်အားကြီး ငလျင် (၂)ကြိမ် လှုပ်ခတ်၍ လူပေါင်း (၂၀၀၀၀)ကျော်ကို ကယ်ဆယ်ရေးစခန်းဖြင့် ထား

တရုတ်နိုင်ငံတွင် နာရီအနည်းငယ်ခြားပြီး အင်အားကြီး ငလျင် (၂)ကြိမ် လှုပ်ခတ်၍ လူပေါင်း (၂၀၀၀၀)ကျော်ကို ကယ်ဆယ်ရေးစခန်းဖြင့် ထား

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက်နေ့ ညနေပိုင်းက အင်အား (၆.၁) မဂ္ဂနီကျုရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ အပျက်အစီးများအောက် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေစဉ် နာရီအနည်းငယ်ခြားပြီးနောက် ကျင်းဟိုင်း(Qinghai)တွင် အင်အား (၇.၄) မဂ္ဂနီကျုပြင်းအားရှိသည့် ငလျင်ထပ်မံလှုပ်ခတ်သွားသည်။

ကျင်းဟိုင်း(Qinghai)တွင် ဒေသစံတော်ချိန် နံနက် (၂)နာရီ (၀၄)မိနစ်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကို မသိရသေးသော်လည်း ကျင်းဟိုင်းထက် နာရီအနည်းငယ်စော၍ ငလျင်ဒဏ်ခံခဲ့ရသည့် ယူနန်တွင် (၁)ဦး သေဆုံး၊ အပျက်အစီးများအောက် ပိတ်မိနေသူ (၁၁) ဦးကို ကယ်ထုတ်ထားရကာ လူပေါင်း (၂၁,၀၀၀) ဝန်းကျင်မှာ အရေးပေါ်ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း တရုတ်လူငယ်နေ့စဉ်သတင်းတွင် ဖေါ်ပြထားသည်။

#TachileikNewsAgency

Photo: cgtnamerica