လွိုင်ကော်မြို့တွင်း ရပ်ကွက်အချို့တွင် သေနတ်ပစ်ခတ်သံများ ကြားနေရ 

လွိုင်ကော်မြို့တွင်း ရပ်ကွက်အချို့တွင် သေနတ်ပစ်ခတ်သံများ ကြားနေရ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပေါ်ရှိ ရပ်ကွက်အချို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၀) ရက်နေ့ ညပိုင်း (၈) နာရီဝန်းကျင်မှစ၍ သေနတ်ပစ်ခတ်သံတွေ ကြားနေရကြောင်း သိရသည်။ 

လွိုင်ကော်မြို့ နောင်ယားရပ်ကွက်၊ ထေးသမ(ချိကယ်)ရပ်ကွက်တို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကားများဖြင့် လှည့်လည်နေကြသည်ကိုလည်း တွေ့နေရပြီး သေနတ်ပစ်ခတ်သံများလည်း ဆက်တိုက်ကြားနေရကြောင်း ရပ်ကွက်ဒေသခံများက ပြောသည်။ 

ကျွန်တော်ကြားလိုက်တာ ကျွန်တော်နေတဲ့ ချိကယ်ဖက်မှာ (၅) ချက်လောက်ပစ်တယ်။ မြို့တော်ခန်းမဖက်မှာလည်း ပစ်နေတယ်။ အသံတွေ တောက်လျှောက်ကြားနေရတယ် ။ အစောကြီးပဲ ရှိသေးတယ် ဒီနေ့ ပစ်တာ

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

လွိုင်ကော်မြို့ တွင်းရှိ ရပ်ကွက်များတွင် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက လမ်းမကြီးအချို့ကို ပိတ်ထားကာ မြို့တွင်းလှည့်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။