လွိုင်ကော်မြို့တွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ဖယ်ရှားရန်တောင်းဆိုမှုနှင့် ပတ်သက်၍ စတင်ဆွေးနွေး

လွိုင်ကော်မြို့တွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ဖယ်ရှားရန်တောင်းဆိုမှုနှင့် ပတ်သက်၍ စတင်ဆွေးနွေး
မတျ 20, 2019
By Tachileik News Agency

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုထားရှိခြင်းကို ဖယ်ရှားပေးရန်တောင်းဆိုနေသည့် ကရင်နီပြည် လူငယ်များအင်အားစုကော်မတီနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနေကြသည်။
နိုင်ငံတော်သမ္မတရုံးမှ ဦးဇော်ဌေးဦးဆောင်သည့် (၅) ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်သည့် (၄) ဦး ၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ (၃) ဦး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်သည့်(၄) ဦး နှင့် ကရင်နီပြည် လူငယ်များအင်အားစုကော်မတီမှ (၇)ဦးတို့သည် လွိုင်ကော်မြို့ KEINNARA LOIKAW ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်တို့က အသိသက်သေအဖြစ် တက်ရောက်ကြကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအနေဖြင့် လွိုင်ကော်မြို့ ပန်းခြံတွင်းမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား မတ်လ (၁၇) ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် ကရင်နီပြည် လူငယ်အင်အားစုမှ တောင်းဆိုနေကြခြင်းဖြစ်သည်။



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုထားရှိခြင်းကို ဖယ်ရှားပေးရန်တောင်းဆိုနေသည့် ကရင်နီပြည် လူငယ်များအင်အားစုကော်မတီနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနကြေသည်။

နိုင်ငံတော်သမ္မတရုံးမှ ဦးဇော်ဌေးဦးဆောင်သည့် (၅) ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်သည့် (၄) ဦး၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ (၃) ဦး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်သည့်(၄) ဦး နှင့် ကရင်နီပြည် လူငယ်များအင်အားစုကော်မတီမှ (၇)ဦးတို့သည် လွိုင်ကော်မြို့ KEINNARA LOIKAW ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနကြခြေင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်တို့က အသိသက်သေအဖြစ် တက်ရောက်ကြကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအနဖြေင့် လွိုင်ကော်မြို့ ပန်းခြံတွင်းမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား မတ်လ (၁၇) ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် ကရင်နီပြည် လူငယ်အင်အားစုမှ တောင်းဆိုနကြခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ- ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net