တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယနေ့ မေလ(၂၀)ရက်နေ့ နံနက်(၈)နာရီ ဓါတ်ခွဲစစ်ဆေးအဖြေအရ Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုးကြောင်း မယ်ဆိုင်ကျန်းမာရေးက သတင်းထုတ်ပြန်ထားသည်။

အတည်ပြုလူနာ (၂)ဦးထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၁၉၃)ဦးအထိရှိနေရာတွင် သက်သာပျောက်ကင်းသူမှာ (၁၆၃)ဦးရှိပြီး လက်ရှိ ကုသမှု ခံယူနေသူမှာ (၂၈)ဦးရှိကာ သေဆုံးသူ (၂)ဦးရှိသည်။

 

မယ်ဆိုင်မြို့တွင် Covid-19 ကူးစက်မှုများရှိနေသည့်အတွက် မယ်ဆိုင်ဘက်တွင် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းတစ်လျှောက် စစ်ဆေးမှုများနှင့်အတူ စောင့်ကြည့်မှုများကို ပူးပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်းသိရသည်။

#TachileikNewsAgency