ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က အမျိုးသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့က အမျိုးသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် မေလ (၁၆) ရက်နေ့ ညပိုင်းက အမျိုးသား (၂) ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက် ကျောက်မဲ - မိုးကုတ်လမ်းမကြီးတွင် အမျိုးသား (၂) ဦးကို အိမ်စီးကားတစ်စီးဖြင့် ဖမ်းဆီးသွားသည်ကို တွေ့မြင်လိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်သည်အပါအဝင် အသေးစိတ်သိရှိရခြင်းမသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။