ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းမှ RPG ဒုံးသီးများ အပါအဝင် ခဲယမ်းများဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းမှ RPG ဒုံးသီးများ အပါအဝင် ခဲယမ်းများဖမ်းမိ
အောက်တိုဘာ 10, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းမှ RPG ဒုံးသီးများ အပါအဝင် ခဲယမ်းများဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအနီးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်အစောပိုင်းက RPG ဒုံးသီး အပါအဝင် ခဲယမ်းများကို ဖမ်းမိပြီး သယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
နမ့်ခမ်းမြို့နယ်အတွင်း မုံးဝီးကျေးရွာအနီးတွင် နံနက် (၇)နာရီခွဲဝန်းကျင်က ပန်ရှောကျေးရွာဘက်မှ မန်ဆက်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် (၁) စီးအား လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန်တားဆီးစဉ် ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အား ရပ်တန့်၍ လျှိုအတွင်းဝင်ရောက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျန်ရစ်ခဲ့သည့်ဆိုင်ကယ်အား သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအနောက်တွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ RPG ဒုံးသီး(ပို့ကျည်ပါ) (၅) လုံး၊ အီနာဂါဗုံးသီး(ပို့ကျည်မပါ) (၁၇) လုံးနှင့် (၄၀) မမဗုံးသီး (၈) လုံးတို့ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency

ဓါတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~