ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ ပထမဆံုးလက္ခံက်င္းပသည့္ တိုင္းနွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိုင္ပြဲ လားရိႈးတြင္ စတင္က်င္းပေန

ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ ပထမဆံုးလက္ခံက်င္းပသည့္ တိုင္းနွင့္ျပည္နယ္ ဘတ္စကက္ေဘာၿပိုင္ပြဲ လားရိႈးတြင္ စတင္က်င္းပေန
ဇူလိုင် 23, 2019
By 🌸
ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ ပထမဆံုးအႀကိမ္လက္ခံက်င္းပသည့္ တုိင္းႏွင့္ျပည္နယ္ ဘတ္စကက္ေဘာ ၿပိဳင္ပြဲကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရိွ မိုးလံုေလလံုအားကစားခန္းမတြင္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၃)ရက္ေန႔က စတင္ဖြင့္လွစ္လုိက္ၿပီျဖစ္သည္။

ယခင္က တုိင္းနွင့္ျပည္နယ္အားကစားၿပိဳင္ပြဲမ်ားကို ရန္ကုန္ႏွင့္ ေနျပည္ေတာ္တြင္သာ က်င္းပေနရာမွ ၂၀၁၉ ခုႏွစ္တြင္ ရွမ္းျပည္နယ္အတြင္းက်င္းပရန္ ျပည္နယ္အစိုးရအဖြဲ႕မွ ကမ္းလွမ္းခ်က္ေၾကာင့္ တုိင္းႏွင့္ျပည္နယ္အဆင့္ ေဘာ္လီေဘာၿပိဳင္ပြဲႏွင့္ ဘတ္စကက္ေဘာၿပိဳင္ပြဲမ်ားကို ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ က်င္းပလာျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ ေဘာလီေဘာေရာ၊ ဘတ္စကက္ေဘာေရာ အားကစားႏွစ္ခုလံုးက ရွမ္းျပည္နယ္က အဆင့္အတန္းေလး ေတာ္ေတာ္ရိွတယ္။  ေဘာလီေဘာတုန္းကဆိုရင္ ရွမ္းအမ်ိဳးသားေရာ အမ်ိဳးသမီးေရာ ဗိုလ္လုပြဲထိေရာက္တယ္။ ဒါေပမဲ့ ပထမေတာ့မရလုိက္ဘူး။ ႏွစ္ခုလံုးက ဒုတိယပဲ ရလုိက္တာေပါ့။ အခု ဘတ္စကက္ေဘာမွာလည္း အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေရာ အေနအထားက ေတာ္ေတာ္ေကာင္းတယ္။ အထူးသျဖင့္ ေျမာက္ပိုင္းမွာ ေကာင္းတယ္ဆိုေတာ့ လားရိႈးကို အိမ္ရွင္ေရြးလုိက္တယ္။ လူေရြးပြဲလုပ္တုန္းကဆို မုိင္းဆတ္နဲ႔ ဟိုပန္က တတိယ၊ လားရိႈးက ဒုတိယနဲ႔ ေလာက္ကိုင္က ပထမရတယ္။ ရွမ္းေျမာက္ေရာ၊ ရွမ္းေရွ႕ေရာ၊ ရွမ္းေတာင္ေရာမွာ ဘတ္စကက္ေဘာက အေျခအေနေတာ္ေတာ္ေကာင္းတယ္။ ဟိုးအရင္တုန္းကလည္း နာမည္ႀကီးခဲ့တယ္။ အခုလည္း အေျခအေနေကာင္းေသးတယ္ဆိုေတာ့ အဲဒီအစဥ္အလာေလးဆက္ထိန္းခ်င္လုိ႔ အိမ္ရွင္အျဖစ္က်င္းပခြင့္ေတာင္းလုိက္တာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္က အိမ္ရွင္အျဖစ္ က်င္းပခြင့္ရသည့္ တုိင္းနွင့္ျပည္နယ္အဆင့္ ေဘာလီေဘာၿပိဳင္ပြဲကို ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပၿပီးစီးခဲ့ၿပီးေနာက္ ဘတ္စကက္ေဘာၿပိဳင္ပြဲကို လားရိႈးၿမိဳ႕တြင္ ဇူလုိင္လ(၂၃)ရက္ေန႔မွ (၂၉)ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္သည္။

 “ဒီလိုက်င္းပရတဲ့ရည္ရြယ္ခ်က္ကေတာ့ နံပါတ္တစ္အခ်က္ ရွမ္းျပည္နယ္အားကစားဖြံ႕ၿဖိဳးတုိးတက္ဖို႔၊ ေနာက္တစ္ခ်က္ကေတာ့ ရွမ္းျပည္နယ္မွာ ေဘာလီေဘာနဲ႔ ဘတ္စကက္ေဘာအားကစားနည္းကို ထြန္းကားေစခ်င္တာ။ ပြဲမလုပ္ရင္ လူေတြကမသိဘူး။ ဒီပြဲလုပ္ဖုိ႔ကို ပထမဆံုး ကၽြန္ေတာ္တုိ႔က ခရိုင္ပြဲလုပ္ၿပီး လူေရြးတာေပါ့။ ခရိုင္ပြဲအတြက္က်ေတာ့ ၿမိဳ႕နယ္အလုိက္ ပြဲလုပ္ၾကရတဲ့အခါ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္သြားတာေပါ့။ ေနာက္ဆံုး ရည္ရြယ္ခ်က္ကေတာ့ ပြဲၾကည့္ပရိတ္သတ္အတြက္ေပါ့။ ဝါသနာပါတဲ့သူေတြက ဒီမွာၾကည့္လုိ႔မရဘူး။ တုိင္းနဲ႔ျပည္နယ္ပြဲၾကည့္မယ္ဆိုရင္ ရန္ကုန္နဲ႔ ေနျပည္ေတာ္ သြားၾကည့္ရမယ္ဆိုတဲ့ အေနအထားကေန ဒီျပည္နယ္တြင္းမွာပဲ အားေပးလုိ႔ရေအာင္ဆိုၿပီးေတာ့ အဲဒီရည္ရြယ္ခ်က္ေတြနဲ႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနမွာ ေတာင္းလုိက္တာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အားကစားၿပိဳင္ပြဲမ်ား ကုန္က်စရိတ္မ်ားကို အားကစားႏွင့္ကာယပညာဦးစီးဌာနက က်ခံက်င္းပေပးျခင္းျဖစ္ၿပီး အားကစားသမားမ်ား တည္းခိုေနထုိင္ေရးႏွင့္ သြားလာေရးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က စီစဥ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Kyawmin Bagosar

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ လားရှိုးတွင် စတင်ကျင်းပနေ
*************
ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ် ဘတ်စကက်ဘော ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယခင်က တိုင်းနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို ရန်ကုန်နှင့် နေပြည်တော်တွင်သာ ကျင်းပနေရာမှ ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းကျင်းပရန် ပြည်နယ်အစိုးရအဖွဲ့မှ ကမ်းလှမ်းချက်ကြောင့် တိုင်းနှင့်ပြည်နယ်အဆင့် ဘော်လီဘောပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲများကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် ကျင်းပလာခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ဘောလီဘောရော၊ ဘတ်စကက်ဘောရော အားကစားနှစ်ခုလုံးက ရှမ်းပြည်နယ်က အဆင့်အတန်းလေး တော်တော်ရှိတယ်။  ဘောလီဘောတုန်းကဆိုရင် ရှမ်းအမျိုးသားရော အမျိုးသမီးရော ဗိုလ်လုပွဲထိရောက်တယ်။ ဒါပေမဲ့ ပထမတော့မရလိုက်ဘူး။ နှစ်ခုလုံးက ဒုတိယပဲ ရလိုက်တာပေါ့။ အခု ဘတ်စကက်ဘောမှာလည်း အမျိုးသားရော၊ အမျိုးသမီးရော အနေအထားက တော်တော်ကောင်းတယ်။ အထူးသဖြင့် မြောက်ပိုင်းမှာ ကောင်းတယ်ဆိုတော့ လားရှိုးကို အိမ်ရှင်ရွေးလိုက်တယ်။ လူရွေးပွဲလုပ်တုန်းကဆို မိုင်းဆတ်နဲ့ ဟိုပန်က တတိယ၊ လားရှိုးက ဒုတိယနဲ့ လောက်ကိုင်က ပထမရတယ်။ ရှမ်းမြောက်ရော၊ ရှမ်းရှေ့ရော၊ ရှမ်းတောင်ရောမှာ ဘတ်စကက်ဘောက အခြေအနေတော်တော်ကောင်းတယ်။ ဟိုးအရင်တုန်းကလည်း နာမည်ကြီးခဲ့တယ်။ အခုလည်း အခြေအနေကောင်းသေးတယ်ဆိုတော့ အဲဒီအစဉ်အလာလေးဆက်ထိန်းချင်လို့ အိမ်ရှင်အဖြစ်ကျင်းပခွင့်တောင်းလိုက်တာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့် တိုင်းနှင့်ပြည်နယ်အဆင့် ဘောလီဘောပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပပြီးစီးခဲ့ပြီးနောက် ဘတ်စကက်ဘောပြိုင်ပွဲကို လားရှိုးမြို့တွင် ဇူလိုင်လ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

 “ဒီလိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ နံပါတ်တစ်အချက် ရှမ်းပြည်နယ်အားကစားဖွံ့ဖြိုးတိုးတက်ဖို့၊ နောက်တစ်ချက်ကတော့ ရှမ်းပြည်နယ်မှာ ဘောလီဘောနဲ့ ဘတ်စကက်ဘောအားကစားနည်းကို ထွန်းကားစေချင်တာ။ ပွဲမလုပ်ရင် လူတွေကမသိဘူး။ ဒီပွဲလုပ်ဖို့ကို ပထမဆုံး ကျွန်တော်တို့က ခရိုင်ပွဲလုပ်ပြီး လူရွေးတာပေါ့။ ခရိုင်ပွဲအတွက်ကျတော့ မြို့နယ်အလိုက် ပွဲလုပ်ကြရတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတာပေါ့။ နောက်ဆုံး ရည်ရွယ်ချက်ကတော့ ပွဲကြည့်ပရိတ်သတ်အတွက်ပေါ့။ ဝါသနာပါတဲ့သူတွေက ဒီမှာကြည့်လို့မရဘူး။ တိုင်းနဲ့ပြည်နယ်ပွဲကြည့်မယ်ဆိုရင် ရန်ကုန်နဲ့ နေပြည်တော် သွားကြည့်ရမယ်ဆိုတဲ့ အနေအထားကနေ ဒီပြည်နယ်တွင်းမှာပဲ အားပေးလို့ရအောင်ဆိုပြီးတော့ အဲဒီရည်ရွယ်ချက်တွေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှာ တောင်းလိုက်တာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲများ ကုန်ကျစရိတ်များကို အားကစားနှင့်ကာယပညာဦးစီးဌာနက ကျခံကျင်းပပေးခြင်းဖြစ်ပြီး အားကစားသမားများ တည်းခိုနေထိုင်ရေးနှင့် သွားလာရေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Kyawmin Bagosar

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net