တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ (၅)ဦး ထပ်တိုး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ (၅)ဦး ထပ်တိုး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယနေ့ မေလ(၁၃)ရက်နေ့ နံနက်(၈)နာရီ ဓါတ်ခွဲစစ်ဆေးအဖြေအရ Covid-19 အတည်ပြုလူနာ (၅)ဦး ထပ်တိုးကြောင်း မယ်ဆိုင်ကျန်းမာရေးက သတင်းထုတ်ပြန်ထားသည်။

အတည်ပြုလူနာ (၅)ဦးထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၁၇၆)ဦးအထိရှိနေရာတွင် သက်သာပျောက်ကင်းသူမှာ (၁၃၁)ဦးရှိပြီး လက်ရှိ ကုသမှု ခံယူနေသူမှာ (၄၄)ဦးရှိကာ သေဆုံးသူ (၁)ဦးရှိသည်။

မယ်ဆိုင်မြို့တွင် မေလ(၁၀)ရက်နေ့က Covid-19 အတည်ပြုလူနာ (၆)ဦးတိုးပြီး၊ မေလ(၁၁)ရက်နေ့တွင် (၉)ဦးတိုးကာ မေလ(၁၂)ရက်နေ့တွင် (၂)ဦးနှင့် ယနေ့ မေလ(၁၃)ရက်နေ့တွင် (၅)ဦး ထပ်တိုး၍ (၄)ရက်အတွင်း အတည်ပြုလူနာ (၂၂)ဦး တိုးသည်။

မယ်ဆိုင်မြို့တွင်း Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့က တာချီလိတ် - မယ်ဆိုင် နယ်စပ်တစ်လျှောက်ရှိ မယ်ဆိုင်ချောင်းဘေးတို့တွင် ချောင်းကူးလာသူများကို တားမြစ်ဖမ်းဆီးနိုင်ရေး နေ့ရောညပါ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။