"တောင်ကြီးတက္ကသိုလ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ"အပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်၊သိပ္ပံ (၅၃)ခု၏ ကောင်စီ ဖွဲ့စည်မှုကို အသိအမှတ်ပြုပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG အစိုးရ ထုတ်ပြန်

"တောင်ကြီးတက္ကသိုလ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ"အပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်၊သိပ္ပံ (၅၃)ခု၏ "ကြားကာလ တက္ကသိုလ်ကောင်စီများ"ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုကြောင်း ကြေညာလိုက်သည်။

ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မဟာဗျူဟာ၊ မူဝါဒနှင့်အညီ စုပေါင်းအကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များတွင် "ကြားကာလ တက္ကသိုလ်ကောင်စီများ"နှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

 ရှမ်းပြည်နယ်အနေဖြင့်"ကြားကာလ တက္ကသိုလ်ကောင်စီ"ဖွဲ့စည်ပြီးသည့် တက္ကသိုလ်များတွင်  တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံ နည်းပညာတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လားရှိုး ကွန်ပျူတာတက္ကသိုလ်နှင့် လားရှိုး နည်းပညာတက္ကသိုလ်တို့ ပါဝင်ကြောင်း သိရသည်။

"ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ"သို့မဟုတ် "ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီများ"ဖွဲ့စည်ပြီး email ကနေ ပေးပို့ရန် ကျန်ရှိသည့် ကျောင်းများအနေဖြင့် [email protected] သို့ ပေးပို့နိုင်ကြောင်းလည်း အသိပေးထားသည်။

#TachileikNewsAgency