တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မဲရုံများတွင် တစ်နေ့အတွင်း (၅၉)ဦး ကြိုတင်မဲပေးထား

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မဲရုံများတွင် တစ်နေ့အတွင်း (၅၉)ဦး ကြိုတင်မဲပေးထား
အောက်တိုဘာ 31, 2020
By Tachileik News Agency
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မဲရုံများတွင် တစ်နေ့အတွင်း (၅၉)ဦး ကြိုတင်မဲပေးထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်းရှိ မဲရုံများတွင် အသက် (၆၀) နှစ်အထက် မဲဆန္ဒရှင်များနှင့် မဲရုံတာဝန်ကျဝန်ထမ်း စုစုပေါင်း (၅၉) ဦးတို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးကြသည်။
“အသက် (၆၀) အထက်က အယောက် (၃၀) နီးပါးပေါ့။ တာဝန်ကျဝန်ထမ်းတွေနဲ့ အဝေးမှာတာဝန်ကျတဲ့ဝန်ထမ်းတွေ အဲဒီလူတွေကြိုတင်ဆန္ဒမဲပေးခိုင်းတယ်။ အားလုံးစုစုပေါင်း (၅၄) ယောက် ပေးတယ်။ မနက် (၁၀) နာရီခွဲမှာစပေးပြီး ညနေ (၃) နာရီခွဲမှာ ပြီးတယ်”ဟုဆန်ဆိုင်း(ခ)ရပ်ကွက်စာရေး ဦးနေကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆန်ဆိုင်း(ခ)ရပ်ကွက် အတွင်းရှိ မဲရုံများဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးရှိ မြေကွက်တွင်ဖွင့်လှစ်ထားသည့် မဲရုံ(၁)တွင် ကြိုတင်ဆန္ဒမဲပေးသူ (၄၅) ဦး၊ အားကစားရုံတွင်ဖွင့်လှစ်ထားသည့်မဲရုံ(၂)တွင် ကြိုတင်ဆန္ဒမဲပေးသူ (၁၀) ဦး၊ ဝမ်မိုင်ရွာ(အမက)စာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် မဲရုံ (၃) တွင် ကြိုတင်ဆန္ဒမဲပေးသူ (၄) ဦး၊ စုစုပေါင်း (၅၉) ဦးရှိခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲနေ့တွင် တာဝန်ကျမည့်ဝန်ထမ်းများ၊ အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များက ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲစတင်ပေးနေသည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၃)ခုနှင့် ရပ်ကွက် (၁)ခု၌ ကြိုတင်ဆန္ဒမဲစတင်ပေးခဲ့ကြခြင်းဖြစ်သည်။
အသက် (၆၀)နှင့်အထက် မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ (၂၉)ရက်နေ့မှ စက်တင်ဘာလ (၇) ရက်နေ့အထိ ပေးနိုင်ကြမည်ဖြစ်သည်။
ယင်းအပြင် COVID 19 ကာလအတွင်းဖြစ်၍ အထူးကိစ္စရပ်အနေဖြင့် မိမိနေရပ်သို့ ပြန်လည်၍ မဲဆန္ဒမပေးနိုင်သူများ၊ Stay at Home ကြေညာထားသည့် ဒေသများ၊ quarantine ဝင်နေရသူများကို အောက်တိုဘာလ (၂၅)ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲရယူပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~