တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မေလ(၁၀)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၆)ဦး ထပ်တိုး

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မေလ(၁၀)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၆)ဦး ထပ်တိုး
မေ 10, 2021 | Covid-19

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယနေ့ မေလ(၁၀)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၆)ဦး ထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၁၆၀)ဦးရှိနေကြောင်း မယ်ဆိုင်ကျန်းမာရေးက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကုသမှုခံယူနေသူမှာ (၄၆)ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသွားကြသူမှာ (၁၁၃)ဦးအထိရှိနေကား သေဆုံးသူ (၁)ဦးရှိသည်။

မယ်ဆိုင်မြို့တွင် ၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့က Covid-19 အတည်ပြုလူနာ(၇)ဦး ထပ်တိုးတွေ့ရှိခဲ့ရာမှ ယနေ့ မေလ(၁၀)ရက်နေ့အထိ (၁၆၀)ဦးအထိတွေ့ရှိလာခြင်းဖြစ်ပြီး တစ်ရက်တည်း အများဆုံးအနေဖြင့် ဧပြီလ(၃၀)ရက်နေ့ (၁၅)ဦး တွေ့ရှိခဲ့သည်။



#TachileikNewsAgency