တာချီလိတ်နှင့် နီးသည့် ချင်းရိုင်းတွင် COVID-19 အတည်ပြုလူနာ (၃)ဦးတွေ့ရှိ၍ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရသူ မတ်လ(၂၅)ရက်နေ့အထိ (၉၃၄)ဦးရှိလာ

တာချီလိတ်နှင့် နီးသည့် ချင်းရိုင်းတွင် COVID-19 အတည်ပြုလူနာ (၃)ဦးတွေ့ရှိ၍ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရသူ မတ်လ(၂၅)ရက်နေ့အထိ (၉၃၄)ဦးရှိလာ
မတ် 25, 2020
By Tachileik News Agency
တာချီလိတ်နှင့် နီးသည့် ချင်းရိုင်းတွင် COVID-19 အတည်ပြုလူနာ (၃)ဦးတွေ့ရှိ၍ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရသူ မတ်လ(၂၅)ရက်နေ့အထိ (၉၃၄)ဦးရှိလာ

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ(၁၀၇)ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် အတည်ပြု တွေ့ရသဖြင့် စုစုပေါင်း အတည်ပြုလူနာ(၉၃၄)ဦးရှိလာပြီဖြစ်သည်။

အသစ်တွေ့ရှိရသည့် အတည်ပြုလူနာများတွင် ရောဂါဖြစ်သူနှင့် ထိတွေ့ခဲ့ဖူးသူ သို့မဟုတ် အတည်ပြုလူနာများနှင့်အတူ လူစုလူဝေး၊ ပွဲ၊ အခမ်းအနားများ သွားရောက်ခဲ့သူ၊ ထောင်အတွင်းမှ ကူးစက်ခံရသူ၊ ရောဂါဖြစ်ပွားနေသည့် နိုင်ငံမှ ပြန်လာသူ၊ နိုင်ငံခြားသားများဝန်းကျင်တွင် အလုပ်လုပ်ကိုင်နေရသူများ၊ လူစုလူဝေးနေရာတွင် အလုပ်လုပ်ကိုင်ရသူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများလည်းပါဝင်ပြီး အချို့မှာ ရောဂါကူးစက်ခံရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ တာချီလိတ်ဘက်နှင့် နီးသည့် ချင်းရိုင်းခရိုင်အတွင်း (၃)ဦးကို ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိထားကြောင်း သိရပြီး အဆိုပါ (၃)ဦးထဲက တစ်ဦးမှာ တာချီလိတ်နှင့်အလွန်နီးသည့် မယ်ဆိုင်မြို့သို့ လာရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံအနှံ့သို့ ပျံ့နှံ့နေကာ မတ်လ (၂၅)ရက်နေ့အထိ အတည်ပြုလူနာပေါင်း (၄၂၄,၀၄၈)ဦး ရှိသည့်အနက် သေဆုံးသူ (၁၈,၉၄၇)ဦးရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃)ဦး တွေ့ရှိထားခြင်းဖြစ်သည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~