နယ်စပ်ဒေသ တာချီလိတ်တွင် လူငယ်နှစ်ဦးအား စိတ်ကြွဆေး တစ်သောင်းနှင့်အတူ ဖမ်းဆီးရမိ

နယ်စပ်ဒေသ တာချီလိတ်တွင် လူငယ်နှစ်ဦးအား စိတ်ကြွဆေး တစ်သောင်းနှင့်အတူ ဖမ်းဆီးရမိ
မတ် 13, 2020
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်တွင် လူငယ်နှစ်ဦးအား စိတ်ကြွဆေး တစ်သောင်းနှင့်အတူ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံဘုရားအဆင်းလမ်းတွင် ဆယ်ကျော်သက်အရွယ် လူငယ် နှစ်ဉီးထံက စိတ်ကြွဆေးပြား (၁၀,၀၀၀)တိတိကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိသည့်အတွက် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ရွေတိဂုံစေတီအဆင်းလမ်းတွင် သက်ဆိုင်ရာ ပူးပေါင်းရဲတပ်ဖွဲ့ဝင်များက ၂၀၂၀ခုနှစ် မတ်လ(၁၃)ရက်နေ့ နေ့လည်(၁၂)နာရီခွဲဝန်းကျင်အချိန်က မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးထံက မူးယစ်ဆေးဝါး သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အားမူ မောင်းနှင်ပြီး အားဂို့(ခ)ဆားဂို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရဲတပ်ဖွဲ့က တားမြစ်စစ်ဆေးမှုများ ပြုလုပ်ရာက ဆိုင်ကယ် ဖင်ထိုင်ခုံအောက် တူးလ်ဘောက်စ်အတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြား စုစုပေါင်း (၁၀,၀၀၀)ပြားအား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၁၆)နှစ်ရှိ အားမူ နှင့် အသက်(၁၅)နှစ်ရှိ အားဂို့(ခ)ဆားဂို့တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၄၄/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ကွင်းဆက်များ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~